ရရက်သားသမီးတစ်ပတ်စာဟောစာတမ်း (16.7.2020 မှ 22.7.2020 အထိ)

0
85

ဒီကာလအတွင်း အကွက်ကျော်၍ ကြည့်မြင်သုံးသပ်လုပ်ကိုင်မှုတို့ကြောင့် အောင်မြင်မှုများ ရရှိမည်။ စိတ်ရှည် သည်း ခံ အောင်ပွဲခံရတတ်ချိန်မျိုးပါ။ တပည့်ကောင်း၊ အခြွေအရံကောင်းများ ရမည်။ လိမ္မာပါးနပ်စွာ ဆောင်ရွက်မှုကြောင့် စီးပွားဥစ္စာဖွံ့ဖြိုးတိုးတတ်မည်။

လောဘကြောင့် သောကကြုံရတတ်သည်။ အရာရာကို သင့်တင့်မျှတစွာ နှလုံးသွင်း လုပ်ကိုင်ပါ။ မသိမသာလေး ပြောင်းလဲမှုကြုံ၍ အောင်ပွဲခံရမည်။ ပျော်ရွှင် ကြည်နူး မှုများ ပြည့်ဝနေမည့် အချိန်ဖြစ်ပါသည်။

တည်ငြိမ်အေးဆေးစွာ ပြောဆိုတတ်မှုကြောင့် မိသားစု၏ ယုံကြည်အားကိုး ချစ်ခင်မှုကို ခံရမည်။ လောလောဆယ်ဆောင်ရွက်ဆဲကိစ္စ အတွက် ဆရာကောင်းနှင့် ကြုံတွေ့ရနိုင်ပါသည်။ စီးပွားရေးကိစ္စရပ်များ မိမိတတ်သိသလောက်အခြားသူတွေကိုပညာပေးမျှဝေပါ။

စဉ်းစားခန်းဝင်သည့်အတိုင်း လုပ်ကိုင်မှု၊ ပြောဆိုမှုတို့နှင့် အဆင်ပြေမည်။ ကျန်းမာရေးကောင်းသည်ထက်ကောင်း စေရန် ဆေးလိပ်၊ အရက် ရှောင်ကြဉ်ပါ။တက်စာတွေလုံးဝမစားသင့်တဲ့နေ့ရက်တွေပါ။

နားလည်မှုတူညီသော ချစ်သူကြောင့် အချစ်ရေး အညံ့ အဆိုးသိပ်မတွေ့ရတတ်ပါ။ပညာသင်ကြားနေသူများ အဆင့်မြင့်ပညာများ သင်ကြားခွင့်ရခြင်း၊ အစစအရာရာ အဆင်ပြေအောင်မြင်ခြင်း ရှိနေမည်။

အကျိုးပေးဂဏန်း ၂/၄/၈ အထူးဟော ရောင့်ရဲစိတ်နဲ့နေနိုင်လေ ချမ်းသာလေပါပဲ။ ယတြာ နီးစပ်တဲ့ကလေးတွေကိုမုန့်ဝယ်ကျွေးပါ။

တနင်္လာ

ဒီကာလအတွင်း လက်တစ်လောဆောင်ရွက်သည့်ကိစ္စတွင် အားပြိုင်ခြင်း၊ ယှဉ်ပြိုင်ခြင်းများစွာ ကြုံရတတ် ၏။ စီးပွားရေးဆိုင်ရာစိတ်ကူးသစ်၊ အကြံအစည်သစ်များကို လက်တွေ့ အကောင်အထည်ဖေါ်ခွင့်ရမည်။

တန်ဖိုးကြီး သောပစ္စည်းများ အရေးကြီးသော စာရွက်စာတမ်းများ ပျောက်ရှတတ်သည်။ အိမ်တွင် အဝင်အထွက်ပြုတတ်သော ဗုဒ္ဓဟူးသားသမီးများကို သတိပြုပါ။ အစွန်းရောက်လုပ်တတ်၍ စေတနာက ဝေဒနာဖြစ်သွားနိုင်ပါသည်။

မနိုင်ဝန် များ မထမ်းသင့်ပါ။ ငြင်းပယ်သင့်သည်ကို ငြင်းပယ်ပါ။ စိတ်မြန်လက်မြန် လက်တွေ့ဆန်နေတတ်ချိန်မျိုး ဖြစ်သည်။ မိသားစုအတွက် အကျိုးရှိမည့် နည်းလမ်းကောင်းများ ရှာဖွေ့တွေ့ရှိမည်။ ကျန်းမာရေးမဆိုးလှပါ။

ထူးထူး ခြားခြား ညံ့နေတာမျိုးမတွေ့ရ။အိမ်ထောင်ရေးမှာတော့ အပြင်မှာအနေများတဲ့နေ့ ရက်တွေဖြစ်တာကြောင့် အဆိုးနည်းပါ တယ်။ အချစ်ရေးတွင်အတ္တကြီးသူလေးကိုမှ ချစ်နေမိမည်။

အဲဒီအတ္တကပဲမိမိအတွက် ကြည်နူးပျော်ရွှင် စရာများနှင့် ပြီးပြည့်စုံနေပါလိမ့်မည်။ ဘာသာရေးတော့ များများလုပ်ပေးပါ။ ပညာသင်ကြားနေသူများ အင်တာဗျူး ၊ သင်တန်း၊ ဘဝအတွက် အရေးပါသော စာမေးပွဲတိုင်းကို အမှတ်ကောင်းဖြင့် ဖြေဆိုအောင်မြင်နိုင်ပါသည်။

အကျိုးပေးဂဏန်း ၃/၅/၉ အထူးဟော ကံအညံ့လေးတွေရောထွေးပါနေတတ်ပါတယ်။ ယတြာ ကြက်သားပေါက်ဆီဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်းအဆန်းတကြယ်ကိစ္စရပ်လေးများ ကြုံရတတ်ချိန်ပါ။ မိသားစုဝင်တစ်ဦး ရာထူးတိုးမြင့်ခြင်း၊ ဂုဏ်သိက္ခာမြင့်မားခြင်း ကြုံမည်။ နေမင်းထွက်လာသောအခါ မိုးတိမ်မည်းမည်းတို့ လွင့်ပြယ်ရစမြဲပါ။

ကံတရား ရောင်ခြည်သစ် ထွန်းလင်းမှုကြောင့် အခက်အခဲတို့သည် လွင့်ပါးပျောက်ကွယ်သွားလိမ့်မည်။ စီးပွားရေးလုပ်ငန်းသစ် ကို စနစ်သစ်၊ အတွေးသစ်ဖြင့် လှုပ်ရှားဖန်တီးခွင့် ကြုံရပါလိမ့်မည်။ သို့သော် အနှောက် အယှက်များ ရှိနိုင်၍ မပေါ့ဆသင့်ပါ။

အရာရာသတိထား၍ ကြိုးစားလုပ်ဆောင်မှ အောင်မြင်တတ်ချိန်မျိုးပါ။ ကျန်းမာ၊ ချမ်းသာ၊ ဝမ်းသာ ဖွယ်ရာများစွာ ကြုံရ မည်။ အချိန်အခါမဲ့ သွားလာခြင်း၊ လုပ်ကိုင်ပြောဆိုခြင်းတို့ကို အထူးရှောင်ကြဉ်ပါ။ ပတ်ဝန်း ကျင်ကို ဥပေက္ခာပြု ပြောဆိုခြင်းကို ဆင်ခြင်ပါ။

ခင်မင်ရင်းနှီးသူတစ်ဦး၏ အပြောအချို့ကို ယုံကြည်မိသဖြင့် လက်တလော ဆောင်ရွက် ဆဲကိစ္စ ကမောက်ကမဖြစ်ရတတ်သည်။ ယှဉ်ပြိုင်အနိုင်ယူရသော စီးပွားရေးကိစ္စများ ပြုလုပ်ရတတ်သည်။

ကျန်းမာရေး စိတ်အေးရမည်ဖြစ်သော်လည်း အချစ်ရေး စိတ်မအေးရပါ။အချစ်ရေး ကို တော့ အထူးဂရုစိုက်သင့် ပါတယ်။ ပညာရေးတွင် အချစ်ရေးကြောင့် အနှောက်အယှက်များ ရှိနိုင်ပါသည်။ အိမ် ထောင်ရေးတွင်အချင်းချင်း နားလည်မှုနှင့် ဘဝအသစ်စတင်နိုင်ရန် အထူးကြိုးစားသင့်ပါတယ်။

အကျိုးပေးဂဏန်း ၃/၆/၄ အထူးဟော အနှောက်အယှက်အတားအဆီးလေးတွေရှိပါတယ်။ ယတြာ ရှောက်သီးသုပ်လေး ဘုရားကပ်လှူပေးပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း ခုန်ပျံကျော်လွှားဆောင်ရွက်မှုများကို သဘောတွေ့နေ ချိန်ဖြစ်ပါသည်။ မိသားစု၊ အိမ်တွင်း ရေးကိစ္စ၊ ထူးထူးကဲကဲ အခွင့်ကောင်းများစွာနှင့် ကြုံမည်။ အတွေးသစ်၊ အမြင်သစ်ကြောင့် လက်တလော ဆောင် ရွက်ဆဲ ကိစ္စအချို့အောင်မြင်မည်။

မွေးနေ့တူသူကို သတိထားပါ။ ကူညီသလိုလိုနှင့် နှောက်ယှက်ဖျက်ဆီးမှု ပြုတတ် ပါသည်။ ငွေချေးငှားမှုကိစ္စ အလိမ္မာသုံး၍ရှောင်ပါ။ လွယ်မယောင်နှင့်ခက်သော စီးပွားရေး ကိစ္စများ အဆင်ပြေ စေရန် မိတ်ဆွေ အချို့က ကူညီပါလိမ့်မည်။

ရွှံ့တိုင်းလျှင်ပင် ရွှေဖြစ်တတ်ချိန်ပါ။ အိုးပိုင်အိမ်ပိုင် မရှိသူဖြစ်ပါက အိုးအိမ်ပိုင်ဆိုင် ခွင့် ကြုံရပါလိမ့်မည်။ လောလောဆယ် ဆောင်ရွက်နေသောကိစ္စများတွင် မထင်မှတ်သူတစ်ဦးထံမှ အကူအညီများစွာရရှိတတ်ပါသည်။

ငွေကြေးချေးငှား၊ပေါင်နှံမှု၊ ရင်းနှီးမြှပ်နှံသည့်ကိစ္စများ ဆန္ဒမစောပါနှင့်။ နားလည် တတ်ကျွမ်း သူ၊ လူကြီးမိဘတို့နှင့် ညှိနှိုင်းဆွေးနွေးပြီးမှ လုပ်ကိုင်သင့်၏။ ကျန်းမာရေးဂရုစိုက်ပါ။ အချစ်ရေးတွင် ပြိုင်ဘက် တိုင်းကို အနိုင်ယူခွင့်ကြုံမည်။

ချစ်ရသူက ကိုယ့်ကိုရွေးချယ်သွားတတ်သည်။ ပညာရေးတွင် အစပိုင်းတွင် အဆင်ပြေသလိုလိုနှင့် နောက်ပိုင်းတွင် အဖျားရူးသွားတတ်ခြင်း၊ စိတ်လေလွင့် ပျံ့လွင့်နေခြင်းများရှိနေမည်။

အကျိုးပေးဂဏန်း ၅/၇/၀ အထူးဟော အလုပ်စီးပွားတွေတိုးတတ်လာမည်။ ယတြာ ဗုဒ္ဓေါ ဂုဏ်တော်လေးကို ပုတီးစိပ်အဓိဋ္ဌာန်ဝင်ပါ။

ကြာသပတေး

ဒီကာလအတွင်းလုပ်ရည်ကိုင်ရည် အစွမ်းအစသစ်များ ပြသခွင့် ရရှိတတ်ချိန်ပါ။ မိသားစုအိမ်တွင်းရေးကိစ္စ ထူးခြားသောပြောင်းလဲမှုမကြုံနိုင်ပါ။ လက်တလောဆောင်ရွက်နေသော ကိစ္စကြောင့် ဝင်ငွေကောင်းများ ရရှိတတ် ပါသည်။ လုပ်ငန်းသစ်တစ်ခု ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။

ဉာဏ်နှင့် ယှဉ်သော ကြိုးစားအားထုတ်မှုများကြောင့် ဘဝအောင်မြင်မှု အသီးအပွင့်များကို ဆွတ်ခူးနိုင်ဖွယ်မြင်သည်။ တစ်မူထူးခြားသော ကံတရားကောင်းနှင့် ကြုံရ ဆုံရတတ်ချိန်ပါ။ မိသားစုကို ဦးဆောင်တာဝန်ယူခွင့်ကြုံမည်။

လက်တလော ဆောင်ရွက်သောကိစ္စတို့အတွက် ကူညီသူ၊ လမ်းညွှန်သူများစွာ တွေ့ရတတ်သည်။ ပြောသင့်ပြောထိုက်သော စကားတို့ကို ချိုချိုသာသာ အေးအေး ဆေးဆေး ပြောဆိုပါ။ တတ်နိုင် သရွေ့ သည်းခံလျှက် ညှိနှိုင်းဆွေးနွေး ပြောဆိုမှုများ ပြုလုပ်ပေးပါ။

ရိုးသားစွာ ကြိုး စား ပါ။ ကျန်းမာရေး စိတ်အေးရစေရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ပေးရခြင်း၊ လမ်းလျှောက်ခြင်းများ ပြုလုပ်ပေးပါ။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်နဲ့ သဘောထားတိုက်ဆိုင်မှုလွန်စွာမှနည်းပါးနေ ချိန်ဖြစ်ပါတယ်။

အချစ်ရေးတွင် စကားကမ်းလှမ်းသူပေါများ၍ အရွေးရခက်နေမည်။ ပညာရေးတော့ အထူး သတိ ထားပါ။ အခက်အခဲအနှောက်အယှက်များ ရှိနေပါသည်။

အကျိုးပေးဂဏန်း ၁/၅/၆ အထူးဟော အိမ်တွင်းရေး ၊မိသားစုရေးအားနည်းနေတတ်ပါတယ်။ ယတြာ သစ်သီးလေးတွေဘုရားကပ်လှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်း အရှိကိုအရှိ၊ အမှန်ကို အမှန်အတိုင်း ပြောဆိုခြင်းပြုပါ။ လိမ်လည်လှည့်ဖြားမှု မပြုမိပါ စေနှင့်။ လောလောဆယ် ဆောင်ရွက်နေဆဲ ကိစ္စရပ်များကြောင့် ရပ်ဝေးဒေသများသို့ သွားရောက်ရတတ်သည်။ ပြိုင်ဘက်တို့ ထက် သင့်ဘက်က ခြေ တစ်လှမ်းသာနေလိမ့်မည်။

သို့သော် ပန်းတိုင်မရောက်မီ လက်မမြှောက်သင့်ပါ။ တစ်ကယ် အောင်မှ အောင်ပြီဟု မှတ်ပါ။ ထည်ဝါခန့်ညားသော ဘဝသစ်သို့ ရောက်ရှိတတ်ချိန်ပါ။ ဘာသာတရားကို ပိုမိုကိုင်းရှိုင်းခွင့် ကြုံရတတ်ပါသည်။

အဓိပ္ပာယ်ခန့်မှန်းရခက်သော စီးပွားပြိုင်ဘက်တစ်ဦးနှင့် ကြုံရတတ်ပါသည်။ ဆွေးနွေးတိုင်ပင်ပြတ်သားမှု ရှိပါစေ။ ကျန်းမာရေးအတွက် ခရီးထွက်ရတတ်ခြင်း၊ရပ်ဝေးသို့ဆေးသွားကုရခြင်းများ ကြုံရတတ်ပါတယ်။

ချစ်သူမရသေးသူများခေတ်နှင့် အညီချောမောလှပသော ချစ်သူလေးနှင့် ဆုံတွေ့ရ တတ်ပါ သည်။ ကြည်နူးစရာကောင်းသော အချစ်ရေးဖြစ် လိမ့်မည်။ ရည်ရွယ်ထားသူလေးထံမှ ဝမ်းသာစရာသတင်းကောင်း များ ကြားသိရမည်။

အိမ်ထောင်ရေးသာယာအဆင်ပြေတတ်ပါတယ်။ပညာရေးတွင် အစစအရာရာ အဆင်ပြေနေ၍ သင်သမျှ သိလွယ်၊ တတ်လွယ်သောကြောင့် ဆရာသမား၊ မိဘများ၏ အားကိုးယုံကြည် ချစ်ခင်မှု ကိုလည်း ပိုင် ဆိုင်ခွင့်ရလိမ့်မည်။

အကျိုးပေးဂဏန်း ၂/၆/၇ အထူးဟော ကျန်းမာရေး အားနည်းလာရင် ဆေးမြီးတိုနဲ့မကုလိုက်ပါနဲ့။ ယတြာ နန်းကြီးသုပ်လေး လူကြီးမိဘတွေကိုဝယ်ကျွေးလိုက်ပါ။

စနေ

ဒီကာလအတွင်း သင်နှင့် သင့်မိသားစုအတွက် သုခချမ်းသာပြည့်စုံစေမည့် သတင်းကောင်းကြားရတတ်၏။ အောင်မြင်ခြင်းပန်းဥယျာဉ်အတွင်းမှ ပျော်မြူးခွင့်ရတတ်ချိန်ပါ။ စီးပွားရေးကိစ္စရပ် တို့တွင် တွက်ချက်ပြီး စွန့်စား တတ်သဖြင့် ပြိုင်ဘက်အားလုံးထက် ခြေလှမ်းများစွာ သာနေလိမ့်မည်။

မမျှော်လင့်ထားသော ငွေကြေးများစွာ ရရှိတတ်သည်။ ကံဇာတာတတ်နေချိန်ဖြစ်၍ လုပ်သမျှ အောင်မြင်ရတတ်ပါတယ်။ ယခုကာလတွင် သင့်ကျန်းမာရေး ထက် မိသားစုကျန်းမာရေး ကို ပိုပြီး ဂရုစိုက်ပါ။ ကံကောင်းနေချိန်မှာ အခွင့်အရေးကို အမိအရဖမ်းယူပါ။

ထိုင်နေသရွေ့ ဘာမှဖြစ်မလာနိုင်ပါ။ ဂုဏ်ယူဝင့်ကြွားစရာ ကောင်းသော အောင်မြင်မှုအပြုံပန်း ဆင်မြန်းရမည်။ လုပ်ငန်းကိစ္စရပ်တိုင်း အဆင်ပြေလွယ်ကူတတ်သည်။ ပညာသင်ကြားနေသူများ ထူးခြားနက်နဲသော ပညာရပ်များ သင်ကြားရခြင်းရှိမည်။

ပညာတော်သင်များ သွားရောက် သင်ယူခွင့်ရမည်။ ပညာရေးကံ အထူးကောင်းနေပါတယ်။ အချစ်ရေးတွင် ဘဝတစ်သက်စာ လက်တွဲဖေါ် အဖေါ်မွန်လေးနဲ့ ဝတ္တုဆန်ဆန် ဆုံတွေ့ရမည်။ ချစ်သူရှိပြီးသူများ လက်ထပ်ရဖို့ တိုင်ပင်နှီးနှောသင့်တဲ့ကာလပါပဲ။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်သည်အမျိုးသားများစန်းပွင့်နေ တတ်၍ အထူးအနေအထိုင်ဆင်ခြင်ပါ။

အကျိုးပေးဂဏန်း ၁/၃/၇ အထူးဟော ကံမြင့်မားနေတတ်ပါတယ်။ ယတြာ အုန်းထမင်းဆွမ်းလေးချက်ပြီး ဘုရားကပ်လှူလိုက်ပါ။

ရရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 09 44 5555 695

LEAVE A REPLY

Please enter your comment!
Please enter your name here