သစ်သီးတွေကိုကြာရှည်အထားခံစေမယ့်နည်းလမ်းကောင်း

0
696

သစ်သီးတွေကို ဒီတိုင်းပဲထားမယ်၊ ဒီတိုင်းပဲ ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ခဏလေးနဲ့ ရိသွားတာ၊ မဲသွားတာ၊ ပုပ်သွားတာမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သစ်သီးတွေကို ကြာရှည်အထားခံစေမယ့် နည်းလမ်းကောင်းလေးတချို့ကို မျှဝေပေးလိုက်ပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးကို ဒီတိုင်းပဲထားရင် ခဏလေးနဲ့ ရိသွားပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် ရေ ၃ စနဲ့ ရှာလကာရှည် ၁ စကိုရောပြီး စတော်ဘယ်ရီသီးကို စိမ်လိုက်ပါ။ ပြီးရင် ချက်ချင်းရေစင်အောင် ပြန်စစ်ပြီး ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။ ဒါဆို ပိုပြီးအထားခံပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို ဒီတိုင်းထားရင် မဲသွားပါလိမ့်မယ်။ ဒါကြောင့် အခိုင်ထိပ်ကို ခဲပတ်နဲ့ပတ်ထားလိုက်ပါ။ ဒါဆို ပိုပြီးအထားခံပါတယ်။

ထောပတ်သီး

ထောပတ်သီးကို တစ်ခြမ်းခြမ်းပြီး အစေ့ထုတ်ကာ အစေ့နေရာမှာ သံပယိုသီးညှစ်ထည့်၊ ဘေးပတ်ပတ်လည်ကို သံပယိုသီးသုတ်ပြီး ပလတ်စတစ်နဲ့ အုပ်ထားလိုက်ပါ။ ဒါဆို အကောင်းအတိုင်းပဲ အထားခံပါတယ်။

နောက်တစ်မျိုးအနေနဲ့ ထောပတ်သီးကို တစ်ခြမ်းခြမ်းပြီး ဘူးထဲထည့်၊ ကြက်သွန်နီပါခြမ်းပြီးထည့်ထားလိုက်ပါ။ ဒါဆိုလည်း အထားခံပါတယ်။

ပန်းသီး

ပန်းသီးကို မစားခင်မှာ ကြိုခွဲပြီး ဒီတိုင်းထားရင် မဲသွားပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် ခွဲစိတ်ပြီး သူ့အလုံးအတိုင်းပဲ သားရေကွင်းနဲ့ ပတ်ထားလိုက်ပါ။ ဒါဆို မမဲတော့ပါဘူး။

ခရက်ဒစ် မိုင်ဖုမြန်မာ

သစ္သီးေတြကိုၾကာရွည္အထားခံေစမယ့္နည္းလမ္းေကာင္း

သစ္သီးေတြကို ဒီတိုင္းပဲထားမယ္၊ ဒီတိုင္းပဲ ေရခဲေသတၱာထဲ ထည့္ထားမယ္ဆိုရင္ ခဏေလးနဲ႔ ရိသြားတာ၊ မဲသြားတာ၊ ပုပ္သြားတာမ်ိဳးေတြ ျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ သစ္သီးေတြကို ၾကာရွည္အထားခံေစမယ့္ နည္းလမ္းေကာင္းေလးတခ်ိဳ႕ကို မၽွေဝေပးလိုက္ပါတယ္။

စေတာ္ဘယ္ရီသီး

စေတာ္ဘယ္ရီသီးကို ဒီတိုင္းပဲထားရင္ ခဏေလးနဲ႔ ရိသြားပါလိမ့္မယ္။ ဒီလိုမျဖစ္ရေအာင္ ေရ ၃ စနဲ႔ ရွာလကာရွည္ ၁ စကိုေရာၿပီး စေတာ္ဘယ္ရီသီးကို စိမ္လိုက္ပါ။ ၿပီးရင္ ခ်က္ခ်င္းေရစင္ေအာင္ ျပန္စစ္ၿပီး ေရခဲေသတၱာထဲထည့္ထားလိုက္ပါ။ ဒါဆို ပိုၿပီးအထားခံပါတယ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးကို ဒီတိုင္းထားရင္ မဲသြားပါလိမ့္မယ္။ ဒါေၾကာင့္ အခိုင္ထိပ္ကို ခဲပတ္နဲ႔ပတ္ထားလိုက္ပါ။ ဒါဆို ပိုၿပီးအထားခံပါတယ္။

ေထာပတ္သီး

ေထာပတ္သီးကို တစ္ျခမ္းျခမ္းၿပီး အေစ့ထုတ္ကာ အေစ့ေနရာမွာ သံပယိုသီးညႇစ္ထည့္၊ ေဘးပတ္ပတ္လည္ကို သံပယိုသီးသုတ္ၿပီး ပလတ္စတစ္နဲ႔ အုပ္ထားလိုက္ပါ။ ဒါဆို အေကာင္းအတိုင္းပဲ အထားခံပါတယ္။

ေနာက္တစ္မ်ိဳးအေနနဲ႔ ေထာပတ္သီးကို တစ္ျခမ္းျခမ္းၿပီး ဘူးထဲထည့္၊ ၾကက္သြန္နီပါျခမ္းၿပီးထည့္ထားလိုက္ပါ။ ဒါဆိုလည္း အထားခံပါတယ္။

ပန္းသီး

ပန္းသီးကို မစားခင္မွာ ႀကိဳခြဲၿပီး ဒီတိုင္းထားရင္ မဲသြားပါလိမ့္မယ္။ ဒီလိုမျဖစ္ရေအာင္ ခြဲစိတ္ၿပီး သူ႔အလုံးအတိုင္းပဲ သားေရကြင္းနဲ႔ ပတ္ထားလိုက္ပါ။ ဒါဆို မမဲေတာ့ပါဘူး။

ခရက္ဒစ္ မိုင္ဖုျမန္မာ