နာရီပေါင်း 46နာရီကျော်ကြာသည်အထိ မနားတမ်းစံချိန်တင် အနမ်းပေးနိုင်ခဲ့တဲ့ စုံတွဲ

0
110

နာရီပေါင်း 46နာရီကျော်ကြာသည်အထိ မနားတမ်းစံချိန်တင် အနမ်းပေးနိုင်ခဲ့တဲ့ စုံတွဲ

ထိုင်းနိုင်ငံမှ စုံတွဲတစ်တွဲဟာ 46နာရီ ၊ 24 မိနစ်ကြာသည်အထိ အနမ်းပေးခဲ့ကြလို့ အချိန်အကြာဆုံး “kissing” ပေးနိုင်ကြတဲ့ စုံတွဲအဖြစ် စံချိန်တင်သွားခဲ့ပါတယ် ။ Guinnes World Records မှာ တကယ့်တရားဝင်စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ် ။

အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံ ၊ Pattaya မြို့မှာကျင်းပခဲ့တာဖြစ်ပြီး အနိုင်ရရှိသွားတဲ့ဇနီးမောင်နှံတွေဖြစ်တဲ့ Ekkachai နှင့် Laksana တို့စုံတွဲအပါအဝင် စုံတွဲ 14 တွဲပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါတယ် ။ ဆုကြေးအဖြစ် 50,000 ဘတ်တန်ဖိုးရှိတဲ့ စိန်လက်စွပ်တစ်ကွင်း နှင့် 100,000 ဘတ် ဆုကြေးငွေတို့လက်ခံရရှိခဲ့ပါတယ် ။ အဆိုပါစုံတွဲဟာ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် 6နာရီခန့်မှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး ၊ အင်္ဂါနေ့မှာတော့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ် ။

ပြိုင်ပွဲဝင်တွေဟာ လက်ထပ်ထားတဲ့စုံတွဲတွေဖြစ်ပါက လက်ထပ်မှတ်ပုံတင်ကိုပြရမှာဖြစ်ပြီး ၊ ချစ်သူစုံတွဲများဖြစ်ကြပါက မိဘတွေထံမှ ခွင့်ပြုချက်ပေးထားတဲ့ သက်သေစာရွက်စာတမ်းတွေကို ပြသပေးရမှာဖြစ်ပါတယ် ။

ထို့အပြင် အစားစားခွင့် ၊ ရေသောက်ခွင့် နဲ့ အိမ်သာသွားခွင့်ပေးထားပေးတဲ့ အမြဲပွေ့ဖက်ထားတဲ့လက်ကိုတော့မလွတ်ရပါဘူး ။ ယှဉ်ပြိုင်နေစဉ်အတွင်း ထိုင်ခွင့် ၊ အိပ်ခွင့်တို့ မပေးထားတဲ့အတွက် ၊ အမျိုးသမီးတစ်ဦးဟာ ယှဉ်ပြိုင်နေရင်း တစ်နာရီအကြာမှာ မူးမေ့လဲသွားပါသေးတယ် ။

ပွဲစီစဉ်သူကတော့ ” အဲမှာ အချိန်အတော်ကြာ မတ်တပ်ရပ်ပြီး အနမ်းပေးနေဖို့က မလွယ်ပါဘူး ၊ တစ်ယောက်ကို တစ်ယောက် ကူညီထောက်ပံ့ပေးဖို့လိုအပ်တာပါ ၊ အချစ်ဆိုတာ အဓိပ္ပါယ်ပြည့်စုံလွန်းပြီး ပြင်းပြတဲ့အစွမ်းရှိတယ်ဆိုတာ ပြသချင်လို့ပါ ” ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ 2009 ခုနှစ်က 32 နာရီကြာသည်အထိ အနမ်းပေးခဲ့ကြတဲ့ ဂျာမနီစုံတွဲရဲ့ စံချိန်ကို ကျော်လွန်းပြီး ယခုအနိုင်ရရှိခဲ့တဲ့ ထိုင်းနိုင်ငံစုံတွဲက စံချိန်ချိုးနိုင်ခဲ့တာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

LEAVE A REPLY

Please enter your comment!
Please enter your name here