အစိုးရက ပြည်သူကို မိဘလိုသဘောထားပြီး လစဉ် ထောက်ပံ့နေတာ မြန်မာနိုင်ငံမှာ ခင်ဗျားတို့တစ်သက် ကြုံဖူးကြားဖူးကြလားဗျာ

0
124

အစိုးရက ပြည်သူကို မိဘလိုသဘောထားပြီး လစဉ် ထောက်ပံ့နေတာ မြန်မာနိုင်ငံမှာ ခင်ဗျားတို့တစ်သက် ကြုံဖူးကြားဖူးကြလားဗျာ

မြဝတီမြို့နယ်ကပြည်သူတွေအတွက် ဘဏ်ငွေလွှဲရောက်တယ်။ သိန်း (၇၀၀၀)ကျော် လာထုတ်ပါတဲ့.. ဟုတ်ကဲ့ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအားငွေကြေးထောက်ပံ့ခြင်း ဒုတိယအကြိမ်အဖြစ် မြဝတီမြို့နယ်အတွက် အိမ်ထောင်စု (၃၅,၀၁၃)စု ငွေကျပ် (၇၀၀,၂၆၀,၀၀၀)ကျပ် ထုတ်ယူပြီးပါပြီ.. မကြာမီ ရပ်/ကျေး အုပ်ချုပ်ရေးများမှတဆင့် မိဘပြည်သူများ လက်ဝယ်ပေးအပ်သွားပါမယ်…ဒီတကြိမ်မှ အိမ်ထောင်စု (၁)စုကို (၂၀,၀၀၀)ကျပ် ရမှာပါ ခင်ဗျာ..(မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို (ခေါ်) ကလောင်အမည် ဖိုးထောင်)

ထောက်ပံ့မှုပေးတာ ရွေးကောက်ပွဲနီးလို့ မဲဆွယ်ခြင်း မဟုတ် အစိုးရက သူ့အလုပ်သူလုပ်နေခြင်းပါ.. ဆရာမောင်သာချို ပြောတာကြားဖူးတယ် ထိုင်းနိုင်ငံကို မြန်မာပြည်ကပေးပို့ထားတဲ့ ဂက်စ်တစ်မျိုးထဲ၏ တန်ဖိုးနဲ့တင် လက်ရှိမြန်မာလူဦးရေနဲ့တွက်ပါက တစ်နှစ်ကို လူတစ်ယောက်လျှင် ၁၅၀,၀၀၀ ကျပ်ရနိုင်တဲ့ အနေထားတဲ့ ဟိုခေတ်အစိုးရ တုန်းကပြောတာပါ.. ခုခေတ်အစိုးရကတော့ စေတနာရှိလို့ မရှိတဲ့ကြားက သူများ တွေဆီမှ ချေးငှားပြီး ပေးထာဗျို့ ငမွဲ အစိုးရပါ။

(Dmo AungGyi)

LEAVE A REPLY

Please enter your comment!
Please enter your name here