Daily Archives: June 14, 2019

ဖမ်းလာတဲ့ တရားခံ က ရဲတပ်ဖွဲ့ဝင်အားလည်ပင်းညှစ်၊လက်သီးဖြင့်ထိုး

ဖမ်းလာတဲ့ တရားခံ က ရဲတပ်ဖွဲ့ဝင်အားလည်ပင်းညှစ်၊လက်သီးဖြင့်ထိုး မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့စက်မှုဇုံရဲကင်းတပ်ဖွဲ့ဝင်များမှအရက်မူးယစ်ရမ်းကားသူအားထိန်းသိမ်းပြီးဆိုင်ကယ်နောက်တွင်တင်ဆောင်၍ခေါ်ဆောင်လာစဉ်ရှေ့မှဆိုင်ကယ်မောင်းနှင်နေသူရဲတပ်ဖွဲ့ဝင်အားနောက်မှလည်ပင်းညှစ်၍လက်သီးဖြင့်ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ ဇွန်(၁၃)ရက်နေ့ညနေ(၃)နာရီခန့်မိတ္တီလာမြို့အမှတ်(၃)နယ်မြေရဲစခန်း၏ကွပ်ကဲမှုအောက်ရှိစက်မှုဇုံရဲကင်းတွင်ရဲတကကကျော်လွင်နှင့်တပ်ဖွဲ့ဝင်များတာဝန်ဆောင်ရွက်နေစဉ် ရဲကင်းနယ်ထိန်းတကပိုက်ထွေးထံသို့သဲကုန်းကျေးရွာနေမကြည်မာမှ၎င်းနေအိမ်ရှေ့လမ်းပေါ်တွင်ကျွန်းမိုရ်ပင်ကျေူးရွာနေကျော်သူနှင့်စန်းမောင်တို့မှာမူးယစ်ရမ်းကားနေကြောင်းဖုန်းဖြင်အကြောင်းကြားချက်အရ စက်မှုဇုံရဲကင်းမှတကကကျော်လွင် ၊ တကပိုက်ထွေးတသအောင်စိုးသိန်း ၊ တသအောင်မြင့်ကျော် ၊ တသမြမိုးတို့မှသတ်မှတ်ယူနီဖောင်းအပြည့်အစုံဖြင့်သက်သေကံသာကျေးရွာ သဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမှူးတို့နှင့်အတုသွားရောက်ရာ မူးယစ်ရမ်းကားနေသုကျော်သူ စန်းမောင်တို့ကိုမတွေ့ရှိ၍ကျော်သုနေထိုင်ရာကျွန်းမိုရ်ကျေးရွာရှိနေအိမ်သို့လိုက်သွားခဲ့ပြီးရှာဖွေရာကျော်သူအား၎င်းနေအိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်တွေ့ရှိသဖြင့် အုပ်ချုပ်ရေးမှူးများမှစက်မှုဇုံရဲကင်းသို့လိုက်ခဲ့ရန်ပြော၍လက်ထိပ်မခတ်ပဲတသမြမိုး၏ဆိုင်ကယ်နောက်တွင်တင်ပြီးခေါ်ဆောင်လာစဉ်ကျွန်းမိုရ်ပင်ကျေးရွာကိုဖိုးကျော်နေအိမ်ရှေ့အရောက်ကျော်သူမှရှေ့မှဆိုင်ကယ်မောင်းနှင်နေသူတသမြမိုး၏လည်ပင်းကိုညှစ်၍ ဆိုင်ကယ်လဲကျသွားရာတသမြမိုးမှကျော်သူ၏လက်ကိုဆွဲထားစဉ်ကျော်သူမှတသမြမိုးမျက်နှာအားလက်သီးဖြင့်ထိုးကြိတ်သဖြင့်တသမြမိုးတွင်ယာပါးဖူးရောင်ဝဲလက်သန်းနာကျင်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်အရတာ ဝန်ဆောင်ရွက်နေသူရဲတပ်ဖွဲ့ဝင်အားနာကျင်ဒဏ်ရာရရှိအောင်ပြုလုပ်ခဲ့သူကျော်သူ(၃၂)နှစ်(ဘ)ဦးတုတ်ကြီးကျွန်းမိုရ်ပင်ရွာမိတ္တီလာမြို့နယ်နေသူအားအရေးယူပေးရန်ရဲတသမြမိုးတိုင်တန်းချက်အရအမှတ်(၃)နယ်မြေရဲစခန်း(ပ)၁၆၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၃၂ဖြင့်အမှုဖွင့်အရေးယူဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ရွှေမောင်မောင်(မိတ္တီလာ)

မြန်မာပြည်မှာ လူတချို့ စိတ်ဓါတ်တွေပြင်ဖို့ အချိန်အတော်ယူရမယ်

မြန်မာပြည်မှာ လူတချို့ စိတ်ဓါတ်တွေပြင်ဖို့ အချိန်အတော်ယူရမယ် မန်းလေးမှာ ကိုဝမ်းလုပ်နေတဲ့ မန္တလေးကျုံးဘေးက Food Box တွေမှာတော့ မုန့်တွေ၊ အချိုရည်ဗူးတွေ အလကားယူသွားလို့ရသလို စာအုပ်တွေလည်း အခမဲ့ဌားဖတ်လို့ရပါတယ်တဲ့။ သိပ်ကောင်းတဲ့ ရည်ရွှယ်ချက် ဒီသတင်းစတက်လာကတည်းက လိုက်ဖတ်မိတယ်။ အမှန်တော့ ပြည်ပမှာဆိုရင် အိမ်ခြေရာမဲ့တွေအတွက် စားစရာလှူတယ်ပေါ့ဗျ။ မြန်မာပြည်မှာတော့ ကလေးတွေစာဖတ်လာအောင် မရှိဆင်းရဲသားတွေ ဗိုက်ဆာနေချိန်မှာ...

့ နေပြည်တော်-မန္တလေး အမြန်လမ်းပေါ်တွင် အိပ်ငိုက်ပြီး

ဇွန်လ(၁၅)ရက်. နံနက်(၀၅၃၀) နာရီချိန်ခန့် နေပြည်တော်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်329/3-329/4 အကြားတွင်ယာဉ်မောင်း ကို အောင်ချစ်သူ (31)နှစ်မှော်ဘီမြိုနေ သူမောင်းနှင်လာသည် 7C/----Elgarnd အဖြူရောင်ယာဉ်သည်ယာဉ်မောင်းမှာအိပ် ငိုက်ပြီးလမ်းလယ်ကျွန်းရှိဘာရီယာတုံးများ ဝင်တိုက်ကာ ဝဲဘက်ဘီးကျွတ်ထွက်ပြီး ယာဉ် တိမ်းမှောက်ခဲ့ပါသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ . စကားအင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူ အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည် ယာဉ်ပေါ်ပါ...

ဘာကြောင့် သံဃာတော်တွေ ဆွမ်းဘုန်းပေးတာတောင် ခြင်ထောင် ထောင်နေရတာလည်း

June 14,2019 ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ က သံဃာတွေကို ခြင်နဲ့  ယင်ကောင်တွေ ဘေးကနေ ကာကွယ်တဲ့အနေနဲ့  ခြင်ထောင် ထဲမှာ ဆွမ်းဘုန်းပေးနေကြရတာဖြစ်ပါတယ်။ မဲဆောက်မြို့ နယ်မှာ သွေးလွန်တုတ်ကွေးနဲ့  ကူးဆက်ဝမ်းရောဂါတွေ အဖြစ်များနေတယ်လို့  သိရပါတယ်။SAW Due to protest...

ယာဉ်မောင်းအိပ်ငိုက်ပြီး သံဘောင်အား ဝင်ရောက်တိုက်မိ၍ (၂)ဦးသေ (၁)ဦးဒဏ်ရာရ

ဆင်ပေါင်ဝဲမြို့နယ့်၌ ယာဉ်မောင်းအိပ်ငိုက်ပြီး ယာဉ်မှ လမ်းသံဘောင်အား ဝင်ရောက်တိုက်မိ၍ (၂)ဦးသေ၊ (၁)ဦးဒဏ်ရာရ နေပြည်တော်၊ ဇွန် ၁၄ ဆင်ပေါင်ဝဲမြို့နယ်၊မကွေး-အောင်လံကားလမ်း မိုင်တိုင် (၂၃၄/၅-၆)ကြား၌ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်က မကွေးဘက်မှ အောင်လံဘက်သို့ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်နေစိန်တင့်(၆၈)နှစ်မောင်းနှင်ပြီး ဒေါ်မာမာထွေး(၇၂)နှစ်(လိပ်စာတူ)ပ(...

Online ပြည်သူတွေ ကျေးဇူးကြောင့် သီလရှင် (၄)ပါး ပြန်တွေ့

ပျောက်ဆုံးနေတဲ့ သီလရှင် (၄)ပါး Online အကျိုး ပြည်သူ့အကျိုးပြုသတင်းဖြင့် ပြန်တွေ့ပါပြီး … ကူညီပေးကြသူများအားလုံး ကျေးဇူတင်အပ်ပါသည် ဆရာလေး ၄ပါး ည 8:30တွင် ပြန်တွေပါပြီ ရှာဖွေရန်အကူအညီ ပေးခဲ့သော မဟာဗောဓိရတနာကျောင်းတိုက် - ဆရာတော် ဦးသြသဓအား၎င်း - ရွှေကချင်ကားဂိတ်မန္တလေးအား၎င်း - အထူးဟစ်တိုင်-တနိုင်း အား၎င်း - ရှာဖွေပေးခဲ့ သောအသင်္ခတပရဟိတအသင်း - သင်္ဘောတန်အား၎င်း -...

ဖခင်မရှိခိုက် (၆) တန်းကျောင်းသူလေးကို အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား

ဖခင်မရှိခိုက် (၆)တန်းကျောင်းသူအား ညစောင့်ဝန်ထမ်းမှ အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူကို ညစောင့်ဝန်ထမ်းအမျိုးသားမှ ညအချိန် ကျူးကျော်ဝင်ရောက်ပြီး အဓမ္မပြုကျင့်ရန်ကြံစည်မှု ဖြစ်ပွားကြောင်း စုံစမ်းသိရှိရသည်။ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအမှတ်(၅)တွင် နေထိုင်သော ၁၂ နှစ်သမီး(ဆဋ္ဌမတန်းကျောင်းသူ)သည် ဇွန်လ ၁၄ ရက်၊ ယနေ့နံနက်တွင် မြို့မရဲစခန်းသို့...

မိခင်နှင့် လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ သားဖြစ်သူမှ ကိုင်းခုတ်ဓါးဖြင့် ခုတ်သတ်မှု ဖြစ်ပွား

မိခင်နှင့် လူမှုရေးဖောက်ပြန်သည်ဟု ဆိုကာ သားဖြစ်သူမှ ကိုင်းခုတ်ဓါးဖြင့် ခုတ်သတ်မှု ဖြစ်ပွား (၁၃/၆/၂၀၁၉) ရက်နေ့ (၁၁း၄၅) နာရီအချိန် မတ္တရာမြို့နယ်၊ အထက်တောင်ကိုင်းအုပ်စု ရုံးပင်ရွာ အရှေ့ဘက် ၄ ဖာလုံခန့်အကွာ ဦးပု၏ယာတောအနီးတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းရှိပါသည်။ ဖြစ်စဉ်မှာ ရုံးပင်ကျေးရွာနေ မင်းမင်း(ခ)မင်းမင်းထက်(၃၂)နှစ် (ဘ- ဦးအုန်းညွန့်)သည် တစ်ရွာတည်းနေ...

MOST POPULAR

HOT NEWS