Daily Archives: June 23, 2019

ကလေးတွေကို ရှေ့ကပြေးခိုင်းပြီး မိခင်ကိုယ်တိုင်က ကားနဲ့လိုက်တမ်းကစားရာမှ ကလေးတစ်ယောက်ကို တိုက်မိသေဆုံး

ကားစီးပြီးပြေးတိုင်းလိုက်တိုင်းဆော့ရာ မိခင်က ကလေးကိုကားနဲ့တိုက်မိပြီး ကလေးသေဆုံး အသက် ၂၆နှစ်အရွယ် ဟူစတန်မှာနေထိုင်တဲ့အမျိုးသမီးတယောက်ဟာ သူ့ရဲ့ကလေး၃ယောက်နဲ့ပြေးတိုင်းလိုက်တိုင်း ဆော့နေရင်းနဲ့ မတော်တဆကလေးတယောက်ကိုကားနဲ့တိုက်မိပြီး ကလေးသေဆုံးခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ သူဟာ ကားရှေ့ကနေ ကလေးတွေကို ပြေးခိုင်ကာ ကားမောင်းပြီးကလေးတွေနောက်ကလိုက်တာဖြစ်ပါတယ်။ ကလေးတွေကပြေးတဲ့ပုံစံမျိုးနဲ့ ဆော့ကစားနေခဲ့တာပါ။ ဒါပေမယ့် ကလေးတွေကို ကားနဲ့လိုက်တဲ့အခေါက်မှာတော့ ကားတည့်တည့်မောင်းလာတဲ့သူ့ရဲ့ကားကို ကလေးနှစ်ယောက်ကရှောင်လိုက်နိုင်ပေမယ့် ကလေးတယောက်ကတော့ကံဆိုးစွာပဲ ကားဘီးနဲ့ကြိတ်မိခဲ့ပါတယ်။ အဲ့ဒီအဖြစ်ကို CCTV...

ချိုလိမ် ၁၉ခုကိုစားမိခဲ့လို့သွေးအန်ကာ ဆေးရုံရောက်သွားခဲ့ရတဲ့ခွေးကလေး

ချိုလိမ် ၁၉ခုကိုစားမိခဲ့လို့သွေးအန်ကာ ဆေးရုံရောက်သွားခဲ့ရတဲ့ခွေးကလေး ဘော်စတွန်ဆေးရုံမှာရှိတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ အိမ်မွေးခွေးဘီလူးလေးတစ်ကောင် သွေးအန်ပြီးဆေးရုံရောက်လာခဲ့တဲ့အတွက် ဓာတ်မှန်ရိုက်ကြည့်ခဲ့ကြပါတယ်။ အဲ့ဒီအခါမှာတော့ အင်မတန်လန့်စရာကောင်းလှတဲ့အရာတွေကို ခွေးကလေးဗိုက်ထဲမှာတွေ့ရှိခဲ့ရပါတော့တယ်။ အသက်သုံးနှစ်အရွယ်ရှိပြီဖြစ်တဲ့ဒီခွေးကလေးဟာ သူ့သခင်မနဲ့အတူနေထိုင်ရာမှာ အိမ်မှာနောက်ထပ်ကလေးနှစ်ယောက်ရှိတဲ့အတွက် ကလေးတွေသုံးတဲ့ရာဘာချိုလိမ်တွေကို သိချင်စိတ်နဲ့ကိုက်စားမျိုချမိခဲ့တာပါ။ ရာဘာချိုလိမ်တွေပျောက်နေတာကိုသတိထားမိပေမယ့် သူ့ရဲ့သခင်ဟာ ဒီအတိုင်းကလေးငယ်တွေဆော့ရင်းနဲ့ပျောက်တယ်လို့ယူဆပြီးထူးထူးခြားခြား မတွေးမိခဲ့ပါဘူး။ ဒါပေမယ့် တစ်ရက်မှာတော့ခွေးကလေးဟာ မူးဝေအော့အန်ပြီး သွေးအန်တဲ့အထိရုတ်တရက်ကျန်းမာရေးမကောင်းဖြစ်လို့ ဆေးရုံရောက်ကာမှ အဖြစ်မှန်ကိုသိခဲ့ရတာပါ။ ဆရာဝန်တွေဟာ...

အထက်တန်းကျောင်းအောင်လက်မှတ်ရရှိသွားပြီဖြစ်တဲ့အသက် ၉၄ နှစ်အရွယ်အဘိုးအို

အထက်တန်းကျောင်းအောင်လက်မှတ်ရရှိသွားပြီဖြစ်တဲ့အသက် ၉၄ နှစ်အရွယ်အဘိုးအို အမေရိကန်နိုင်ငံချီကာဂိုမြို့မှာ နေထိုင်တဲ့အဘိုးအိုတစ်ယောက်ဟာ သူတက်ယူခွင့်မရခဲ့တဲ့အထက်တန်းကျောင်းအောင်လက်မှတ်ကို နောက်ဆုံးတော့ရယူနိုင်ခဲ့ပါပြီ။ အသက်၉၄နှစ်ရှိပြီဖြစ်တဲ့ဒီအဘိုးအိုဟာ ဒုတိယကမ္ဘာစစ်ကြောင့် သူ့ရဲ့အထက်တန်းကျောင်းကိုအောင်မြင်ခဲ့တဲ့လက်မှတ်ကို တက်ယူခွင့်မရခဲ့ပဲ စစ်တပ်ထဲကို စစ်မှုတာဝန်ထမ်းဆောင်ဖို့ထွက်ခွာခဲ့ရတာပါ။ လွန်ခဲ့တဲ့ ၇၆နှစ်ကအောင်လက်မှတ်ကိုမရနိုင်တော့လောက်ဘူးလို့သူကထင်ခဲ့ပေမယ့် အဘိုးအို WilliamC. Wagner ရဲ့သားဖြစ်သူဟာ အဖိုးအိုကို လက်ဆောင်အနေနဲ့ပေးချင်တဲ့အတွက် ၁၉၄၄ခုနှစ်ကအောင်လက်မှတ်ကိုပြန်လည်ထုတ်ပေးနိုင်မလားဆိုပြီး အဘိုးအိုရဲ့အထက်တန်းကျောင်းကိုဆက်သွယ်ပေးခဲ့ပါတယ်။ အဲ့ဒီတုန်းက အထက်တန်းရဲ့စီနီယာအတန်းတက်နေခဲ့တာ။ အောင်လက်မှတ်ပေးတဲ့ပွဲလုပ်တော့မယ့်ရက်နီးတော့ စစ်ထဲဝင်ရတော့မယ်ဆိုတဲ့အမိန့်ကျလာတာပဲ”...

ရည်းစားမရှိသေးတဲ့သူတွေကိုဘ၀လက်တွဲဖော်ရှာပေးတဲ့ဘုရားကျောင်း

ရည်းစားမရှိသေးတဲ့သူတွေကိုဘ၀လက်တွဲဖော်ရှာပေးတဲ့ဘုရားကျောင်း အီတလီမှာရှိတဲ့ စိန့်အန်သိုနီဘုရားကျောင်းဟာ ချစ်သူမရှိသေးတဲ့သူတွေအတွက် ဘ၀လက်တွဲဖော်ရှာဖွေဖို့ပွဲတော်တစ်ခုစီစဉ်ပေးထားပါတယ်။ အဲ့ဒီအစီအစဉ်ကို စိန့်အန်သိုနီရဲ့မွေးရပ်မြေ ပေါ်တူဂီမှာရှိတဲ့ ဓလေ့ထုံးတမ်းတခုကနေမှီငြမ်းပြုလုပ်ထားတာဖြစ်ပြီး ဘ၀လက်တွဲဖော်ရှာမတွေ့သေးတဲ့သူတွေအတွက်ပြုလုပ်ပေးထားတဲ့အစီအစဉ်ဖြစ်ပါတယ်။ စိန့်အန်သိုနီကိုယုံကြည်သက်ဝင်သူတွေဟာ ပစ္စည်းဥစ္စာပျောက်ဆုံးမှုတွေ၊ အခိုးခံလိုက်ရတဲ့ပစ္စည်းတွေနဲ့ အချစ်ကိုရှာဖွေဖို့အတွက် စိန့်အန်သိုနီကိုယုံကြည်ကိုးစားကြတယ်လို့ဆိုပါတယ်။ (မူရင်းသတင်းမှတိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။) ယခုအပတ်စနေနေ့မှာ အသက် ၂၀အရွယ်ကနေ ၅၀အရွယ်အတွင်းလူလွတ်တွေအတွက် တစ်ယောက်နဲ့တယေက်အကြောင်းပိုမိုသိလာစေဖို့ တွေ့ဆုံပွဲပြုလုပ်ပေးပြီး တွေ့ဆုံပွဲအပြီးမှာ ဆုတောင်စည်းဝေးပွဲတခုပြုလုပ်ပေးပါတယ်။ အဲ့ဒီဆုတောင်းပွဲမှာ ဘ၀ရဲ့လက်တွဲဖော်ကိုရှာတွေ့ဖို့ဆုတောင်းကြတယ်လို့ဆိုပါတယ်။...

တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့မာရသွန်ပြေးပွဲပြုလုပ်ခဲ့တဲ့ ဂူထဲမှာပိတ်မိခဲ့တဲ့ကလေးငယ်များ

တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့မာရသွန်ပြေးပွဲပြုလုပ်ခဲ့တဲ့ ဂူထဲမှာပိတ်မိခဲ့တဲ့ကလေးငယ်များ ၂၀၁၈ခုနှစ် ဇွန်လ ၂၃ရက်နေ့မှာ ထိုင်းနိုင်ငံက အသက် ၁၁နှစ်နဲ့ ၁၆နှစ်ကြားမှာရှိတဲ့ကလေးငယ်တွေဟာ ဂူထဲမှာရက်အတော်ကြာပိတ်မိခဲ့တာကိုသတိရကြလိမ့်မယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ နည်းပြတစ်ယောက်အပါအ၀င် ကလေးငယ်တွေဟာဂူထဲမှာရက်ပေါင်းအတော်ကြာပိတ်မိပြီး ကယ်ဆယ်ခံခဲ့ရတာ တစ်နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတော်တော်များများဟာ သူတို့ကိုကယ်ဆယ်ဖို့အတွက်ဝိုင်းဝန်းကူညီခဲ့ကြပြီး ထိုင်းနိုင်ငံဟာလည်းအဲ့ဒီဖြစ်ရပ်ပြီးတဲ့နောက်မှာ ကမ္ဘာ့အလယ်မှာမျက်နှာပန်းပွင့်ခဲ့ပါတယ်။ အဲ့တာတွေမကသေးပဲ ကလေးငယ်တွေပိတ်မိခဲ့တဲ့ ဂူအပါအ၀င် ဂူပတ်ဝန်းကျင်ဒေသတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာဒေသတစ်ခုပါဖြစ်လာခဲ့တာပါ။ အဲ့တာကြောင့် တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ကော အဲ့ဒီဒေသကိုပိုမိုတိုးတက်အောင်လုပ်ဖို့ရန်ပုံငွေထူထောင်တဲ့အနေနဲ့...

ထောင်ကျချင်လို့ တမင်တကာ ဘဏ်ကိုငှက်ပျောသီးနဲ့ဓားပြတိုက်ခဲ့တဲ့သူ

ထောင်ကျချင်လို့ တမင်တကာ ဘဏ်ကိုငှက်ပျောသီးနဲ့ဓားပြတိုက်ခဲ့တဲ့သူ အသက်၅၀အရွယ်ရှိပြီဖြစ်တဲ့ Laurence Vonderdell ဟာ ဘဏ်တစ်ခုအထဲကိုဝင်ပြီး ဘဏ်ဝန်ထမ်းတွေကို ငှက်ပျောသီးနဲ့ချိန်ကာ သူကိုင်ထားတဲ့ငှက်ပျောသီးဟာသေနတ်ဖြစ်ကြောင်းပြောပြီး ဓားပြတိုက်ခဲ့ပါတယ်။ အံ့သြစရာကောင်းလောက်အောင်ပဲဘဏ်ဝန်ထမ်းတွေဟာ သူ့စကားကိုယုံပြီး ငွေ ၁၁၀၀ပေါင် ကိုသူ့ကိုပေးခဲ့ပါတယ်။ Bournemouth မှာရှိတဲ့ဘဏ်တစ်ခုကိုဓားပြတိုက်ခဲ့တဲ့သူဟာ ဓားပြတိုက်ပြီးပြီချင်းမှာ ရဲနှစ်ယောက်ဆီသွားပြီး သူအခုပဲဓားပြတိုက်ခဲ့တာဖြစ်ကြောင်းနဲ့ သူ့ကိုဖမ်းဖို့ပြောခဲ့ပါတယ်။ ဒါပေမယ့်သူ့ရဲ့ပြောစကားကိုမယုံတဲ့ရဲဝန်ထမ်းနှစ်ယောက်ဟာသူ့ကိုအိမ်ပြန်ဖို့ဖျောင်းဖြခဲ့ပြန်ပါတယ်။ နောက်ဆုံးတော့အဲ့အမျိုးသားဟာ နှစ်မိုင်အကွာအဝေးမှာရှိတဲ့ ရဲစခန်းအထိလမ်းလျှောက်ပြီး...

၆ လတာ သက်​သတ်​လွတ်​စားခဲ့တဲ့အကျိုး​​ကြောင့်​ အမြင်အာရုံ​ ​ကောင်းလာခဲ့တဲ့ ကာယဗလပညာရှင်

၆ လတာ သက်​သတ်​လွတ်​စားခဲ့တဲ့အကျိုး​​ကြောင့်​ အမြင်အာရုံ​ အား​ကောင်းလာခဲ့တဲ့ ကာယဗလပညာရှင်​ အင်္ဂလန်​နို​င်​ငံ၊ ​နော့ဝစ်​ခ်ျ​မြို့က ကာယဗလပညာရှင်​တစ်​ဦးဖြစ်​တဲ့ ​ပေါလ်​ခါတန်​ဟာ တစ်​သက်​လုံးနီးပါး အသားကို မက်မက်စက်စက်​​​​ စား​သောက်​​နေထိုင်​လာခဲ့သူဖြစ်​ပြီး အသက်​ ၄၅ နှစ်​အရွယ်​မှာ ​သူ့ရဲ့မျက်လုံးဟာ ​အ​ဝေးမှုန်​​နေသူဖြစ်​ပါတယ်​။ သူဟာ လက်​တွဲ​ဖော်​ရဲ့တိုက်​တွန်းမှု​ကြောင့်​ သက်​သတ်​လွတ်စားဖို့ဆုံးဖြတ်​ခဲ့ပြီး ၆ လတာ သက်​သတ်​လွတ်​ စားသုံးပြီး​နောက်​မှာ​တော့...

တစ်​​ခေတ်​ထလာတဲ့ ထူးထူးခြားခြား ကြက်​သီးထဖွယ်​ရာ အလှပြင်​နည်းပုံစံသစ်​တစ်​မျိုး

တစ်​​ခေတ်​ထလာတဲ့ ထူးထူးခြားခြား ကြက်​သီးထဖွယ်​ရာ အလှပြင်​နည်းပုံစံသစ်​တစ်​မျိုး အခု​ပြောပြ​ပေးမှာက ကြက်​သီးထစရာဆိုတဲ့အတိုင်း ငယ်​ရွယ်​​သေးတဲ့အမျိုးသမီးငယ်​​တွေအတွက်​ လိုက်​လံစမ်းသပ်​ကြည့်​ဖို့မသင့်​​လျော်​တဲ့ အလှပြင်​နည်းမျိုးဖြစ်​ပါတယ်​။ အံ့သြရင်​သပ်​စရာအဖြစ်​သာ တင်​ဆက်​​ပေးလိုရင်းပါ။ လက်​ရှိမှာ​တော့ မိတ်​ကပ်​ပညာရှင်​ ဆိုဖီပီတာဆန်က လူမှုကွန်​ရက်​​ပေါ်မှာ အင်​မတန်​​ရေပန်းစား​နေတဲ့ ထူးထူးခြားခြား အလှပြင်​နည်းတစ်​မျိုးကို လမ်းသစ်​ထွင်​ခဲ့ပါတယ်​။္ဒဒါက​တော့ မျက်​​တောင်​​ကောက်​တဲ့ အလှပြင်​နည်းပါ။ လူ​ပြောများစရာဖြစ်​​စေခဲ့တာက​တော့ ကြည့်​ရုံနဲ့တင်​ ​ကြောက်​မက်​ဖွယ်​ရာ​ကောင်းတဲ့ မျက်​​တောင်​​ခွေ၊ မျက်​​တောင်​လိပ်​...

ကျောင်းလခအဖြစ်​ ပလတ်စတစ်​​​အမှိုက်​​တွေကိုလက်​ခံပြီး စာသင်​​ပေးတဲ့ ​ကျောင်း

ကျောင်းလခအဖြစ်​ ပလတ်စတစ်​​​အမှိုက်​​တွေကိုလက်​ခံပြီး စာသင်​​ပေးတဲ့ အိန္ဒိယ​ကျောင်း အိန္ဒိယနို​င်​ငံက Akshar ​ဖောင်​​ဒေး​ရှင်းဟာ ဆင်းရဲနွမ်းပါးမိသားစုက က​လေးငယ်​​တွေအတွက်​ စာသင်​ဖို့အခက်​အခဲမဖြစ်​ရ​အောင်​ အထူးခြားဆုံး အစီအစဉ်​တစ်​ခုကိုပြုလုပ်​ပေးခဲ့ပါတယ်​။   အဲ့ဒါက​တော့ လူငယ်​လူရွယ်​​တွေနဲ့ က​လေးငယ်​​တွေအတွက်​ ​ကျောင်းလခအဖြစ်​ ပလတ်စတစ်​​​အမှိုက်​​တွေကိုလက်​ခံ​ပေးပြီး စာသင်​​ပေးတဲ့ ​စာသင်​​ကျောင်းပုံစံတစ်​ခုကို တီထွင်​ကြံဆ​ပေးနိုင်​ခဲ့ကြတာပါ။ ၂၀၁၆ ခုနှစ်​ကတည်းက ဒီလို ထူးခြားတဲ့ အခမဲ့ ပညာသင်​​ယူနိုင်​​ရေးပုံစံသစ်​​​ကို...

ကမ္ဘာ့​ဈေးအကြီးဆုံး ဒူးရင်းသီး

ကမ္ဘာ့​ဈေးအကြီးဆုံး ဒူးရင်းသီး ဒူးရင်းသီးတစ်​လုံးကို ဘယ်​​လောက်​များ​ပေးဝယ်​စားချင်​ကြသလဲဗျ ? ဒူးရင်းသီးတစ်​လုံးရဲ့ တန်​ဖိုးဟာ ကိုယ့်​တစ်​သက်​စာ ရှာ​ဖွေထားတဲ့စည်းစိ​မ်​ဥစ္စာထက်​​တောင်​ ပို​နေဦးမယ်​ဆိုရင်​​တော့ ကြက်​သီးထစရာဖြစ်​ ကုန်​မှာ​သေချာပါတယ်​။ ဒူးရင်းသီး တစ်​လုံးဟာ ​ဒေါ်လာ​ထောင်​နဲ့​သောင်းနဲ့ချီပြီးတန်​တယ်​ဆိုတဲ့ကိစ္စဟာ အ​တော့်​ကို အံ့အားသင့်​စရာအ​ခြေအ​နေပါပဲ။ ပုံမှန်​ဒူးရင်းသီးတစ်​လုံးက​တော့ ​၁၆ ​ဒေါ်လာ သာ​ပေးရ​ပေမယ့်​ ထိုင်းနို​င်​ငံ၊ ဘန်​​ကောက်​မြို့က Kanyao ဆိုတဲ့ ဒူးရင်းသီးက​တော့ ​ဒေါ်လာ...

MOST POPULAR

HOT NEWS