Daily Archives: June 26, 2019

စစ်မှန်တဲ့ စေတနာနဲ့လုပ်ရပ်ကြောင့် အကျိုးထူးသွားတဲ့ အိမ်ခြေမဲ့လူတစ်ဦး

မင်္ဂလာပါ ApannPyay ပရိတ်သတ်ကြီးရေ။ ကျွန်မတို့ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ အပြင်မှာ သူစိမ်းလူတစ်ယောက်က အိမ်ခြေမဲ့သူတွေကို စားစရာပေး စသည့်ဖြင့်ကူညီလေ့ရှိကြတာကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ အင်မတန်ကိုမှမွန်မြတ်လွန်းလှပါတယ်နော်။ ပရိတ်သတ်ကြီးသိပြီးပြီလား။ လွန်ခဲ့တဲ့ရက်အနည်းငယ်က အိမ်ခြေမဲ့လူတစ်ဦးရဲ့လုပ်ရပ်ဟာ အင်တာနက်သုံးသူအသိုင်းအဝိုင်းထဲမှာ ခေတ်ထပျံ့နှံ့ခဲ့တယ်ဆိုတာပါပဲ။ ဒီအမျိုးသားဟာ ထိုင်းနိုင်ငံကဖြစ်ပြီး အမည်မှာ မီ့လွော်ဒမ် လို့သိရပါတယ်။ ဒီအမျိုးသားဟာဆိုရင် နှစ်တော်တော်များများ...

နာလွန်းတဲ့ ဒဏ်ကိုမခံနိုင်တော့လို့ လက်တွေကိုဖြတ်ပေးပါဆိုတဲ့ သစ်ပင်လူသား

ကျွန်တော့်လက်ကိုဖြတ်သာဖြတ်ပစ်လိုက်ကြပါတော့လို့ သနားစဖွယ်တောင်းဆိုလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်က သစ်ပင်လူသား ကျွန်တော်ဒီနာကျင်နေတာတွေကိုမခံနိုင်တော့ဘူး။ ညညလည်းအိပ်မရဘူး။ ကျွန်တော့်လက်တွေကိုဖြတ်သာဖြတ်ပစ်လိုက်ကြပါတော့လို့ ဆရာဝန်တွေကိုပြောနေတဲ့သူကတော့ သစ်ပင်လူသားလို့ အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံက အသက် ၂၈အရွယ် လူတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ ရှားပါးတဲ့အရေပြားကင်ဆာတစ်ခုကိုခံစားနေရသူတစ်ယောက်ဖြစ်ပြီး အဲ့အရေပြားကင်ဆာကသူရဲ့လက်တွေကို သစ်ပင်အခေါက်နဲ့တူတဲ့အသားပိုတွေကိုဖြစ်စေတာပါ။ အဲ့တာတွေကအရမ်းနာတဲ့အတွက် နည်းနည်းပဲဖြစ်ဖြစ်ပေါ့ပေါ့ပါးပါးနေချင်တာကြောင့် သူ့လက်တွေကိုဖြတ်ပေးပါလို့သူဟာ ဆရာဝန်တွေကိုတောင်းဆိုခဲ့တာပါ။ အဘူအဂျန်တာလို့အမည်ရတဲ့ ဒီသစ်ပင်လူသားဟာ ၂၀၁၆ခုနှစ်မှာတင် ဒီအသားပိုတွေကိုဖယ်ထုတ်ဖို့...

စင်ကာပူနိုင်ငံသားတိုင်း ခံစားနေကြရတဲ့ နားဒုက္ခများ

အကြားအာရုံချို့ယွင်းမှုဆိုတာ များသောအားဖြင့် အသက်အရွယ်အင်မတန်ကြီးရင့်လာတဲ့အချိန်တွေမှာ ဖြစ်ပေါ်လာတတ်တဲ့ ကျန်းမာရေးပြသနာတစ်ခုပါ။ လူတွေဟာ အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းတော်တော်များများကိုအနားပေးတဲ့အထဲမှာ အကြားအာရုံဟာလည်းတစိတ်တပိုင်း အနားရလေ့ရှိပါတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံသားတွေအတွက်တော့ အကြားအာရုံဟာ ထင်ထားသလောက်အနားမရကြပါဘူး။ စင်ကာပူနိုင်ငံဟာ နိုင်ငံရဲ့မြေနေရာအကျယ်အ၀န်းကျဉ်းတာနဲ့အမျှလူနေထူထပ်ပြီး လူတွေသွားလာလှုပ်ရှားတဲ့အသံ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့အသံသာမက လမ်းပန်းဆက်သွယ်ရေးပြုလုပ်တဲ့ မြေအောက်ရထားသံ၊ ကားဟွန်းတီးသံတွေနဲ့ အသံညစ်ညမ်းမှုများပြားတဲ့မြို့တစ်မြို့(နိုင်ငံတစ်နိုင်ငံ) ဖြစ်ပါတယ်။ စူးစမ်းလေ့လာသူတွေရဲ့အဆိုအရ သာမာန်လူတွေအပြင်ထွက်ရင်ကြားရတဲ့အသံရဲ့တုန်ခါမှုနှုန်းဟာ ၆၇...

အာဖရိကတိုက်ကလူတွေထင်မှတ်ထားသလိုဟုတ်ရဲ့လား

အာဖရိကတိုက်ကလူတွေထင်မှတ်ထားသလိုဟုတ်ရဲ့လား အာဖရိကတိုက်လို့ပြောလိုက်တာနဲ့ လူတွေအရင်ဆုံးပြေးမြင်ကြတာက သစ်ပင်မရှိတဲ့ ကန္တာရကွင်းပြင်ရယ်၊ လူနေမှုအဆင့်အတန်းနိမ့်ပါးတယ်လို့ထင်မြင်ရတဲ့ လူရိုင်းတွေရယ်ကိုပါ။ ဒါပေမယ့် တကယ့်တကယ်တမ်း အာဖရိကတိုက်ကလူတွေထင်မြင်ထားသလိုဟုတ်ပါ့မလားဆိုတာကို ApannPyay ပရိတ်သတ်ကြီးနဲ့အတူတူလေ့လာကြည့်ကြမယ်နော်။ (၁) ကမ္ဘာပေါ်က ဒုတိယအကြီးဆုံး မိုးသစ်တောတည်ရှိတဲ့နေရာ ကျွန်မတို့ရဲ့သစ်တောတွေပေါကြွယ်ဝလှပါတယ်ဆိုတဲ့မြန်မာနိုင်ငံမှာ နိုင်ငံရဲ့ ၃၀ရာခိုင်နှုန်းအောက်သာ သစ်တောကျန်ရှိတော့တဲ့ အခြေအနေမှာ ကန္တာရကွင်းပြင်တွေပဲရှိလိမ့်မယ်လို့ထင်မြင်ယူဆထားတဲ့ အာဖရိကတိုက်ကတော့ ကမ္ဘာပေါ်မှာဒုတိယအကြီးမားဆုံးသစ်တောပမာဏကိုပိုင်ဆိုင်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာပေါ်မှာအကြီးမားဆုံး ကန္တာရဖြစ်တဲ့...

ကမ္ဘာ့ အဆိုးရွားဆုံးနဲ့ အရှုပ်ထွေးဆုံး ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ဒေသများ

ကမ္ဘာ့အရှုပ်ထွေးဆုံးရာသီဥတုကိုပိုင်ဆိုင်ထားတဲ့ဒေသများ မြန်မာနိုင်ငံမှာရာသီဥတု ၃မျိုးရှိတာကို လူတိုင်းသိကြမှာပါ။ တချို့နိုင်ငံတွေဟာ ရာသီဥတုလေးမျိုးရှိတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ နွေရာသီ၊ မိုးရာသီနဲ့ဆောင်းရာသီဆိုပြီး ရာသီဥတု၃မျိုးခွဲကြပေမယ့် တချို့သောနိုင်ငံတွေမှာ နွေရာသီ၊ နွေဦးရာသီ၊ ဆောင်းဦးရာသီနဲ့ ဆောင်းရာသီဆိုပြီးရာသီဥတု ၄မျိုးခွဲတတ်ကြပါတယ်။ အခု ApannPyay ပရိတ်သတ်ကြီးတို့အတွက်ဖော်ပြပေမယ့် နိုင်ငံတွေကတော့ ကမ္ဘာပေါ်ကအရှုပ်ထွေးဆုံးရာသီဥတုတွေကို ပိုင်ဆိုင်ထားတဲ့နိုင်ငံဒေသတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) တရုတ်နိုင်ငံ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်ကအရှုပ်ထွေးဆုံးရာသီဥတုကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတွေထဲကတစ်နိုင်ငံပါ။...

သုံးနှစ်အရွယ်သားလေးအတွက် အသက်ပေးသွားရတဲ့ ဖခင်တစ်ယောက်ရဲ့ဖြစ်ရပ်

မိဘမေတ္တာဆိုတာနှိုင်းဆမရနိုင်အောက်ကြီးမားပါတယ်။ ကမ္ဘာပေါ်မှာ မိဘတွေရဲ့အနှိုင်းမဲ့မေတ္တာကိုဖော်ပြပေးနေတဲ့ ဖြစ်ရပ်တွေအများရှိတဲ့အထဲမှာ အခုဖြစ်ရပ်ကတော့ ၀မ်းနည်းစရာကောင်းတဲ့ ဖခင်ရဲ့သားလေးအပေါ်မှာထားတဲ့မေတ္တာကိုတွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု မင်နီဆိုတာမြို့မှာနေထိုင်တဲ့သူတစ်ယောက်ဟာ ရေနစ်နေတဲ့သားငယ်ကိုကယ်ရင်းနဲ့အသက်ဆုံးရှုံးခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ဖခင်ရဲ့နာမည်ဟာ Christopher Schultz ဖြစ်ပြီး အသက် ၃၁နှစ်ရှိပါတယ်။ သူဟာသူ့ရဲ့သားကလေးနဲ့မြစ်ကမ်းဘေးမှာရှိတဲ့ စားသောက်ဆိုင်မှာ ညနေစာစားဖို့ထွက်လာခဲ့တာပါ။ ဒါပေမယ့် ကံမကောင်းစွာပဲ အသက်၃နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်ဟာ တံတားပေါ်ကနေရေထဲကိုမတော်တဆပြုတ်ကျသွားခဲ့ပါတယ်။ ကလေးငယ်ရေထဲပြုတ်ကျသွားနဲ့ဖခင်ဖြစ်သူဟာ...

အသဲကွဲနေပီလား ဒီစာလေးကို ဖတ်လိုက်ပါ

အသဲကွဲနေပီလား? သင့်ချစ်သူနဲ့ လမ်းခွဲထားလို့ဝမ်းနည်းနေလား? သင့် crush က ချစ်ရသူရှိသွားလို့ကြေကွဲနေရလား? ၀မ်းမနည်းပါနဲ့ အားတင်းထားလိုက်ပါ။ (၁) သင့်ကိုချစ်တဲ့အခြားသူတွေတွေအများကြီးရှိပါသေးတယ် သူကသင့်ကိုမချစ်ပေမယ့် သင့်ကိုချစ်တဲ့အခြားသူတွေကိုမေ့မသွားပါနဲ့။ သင့်ကိုတန်ဖိုးထားတဲ့သူတွေ အများကြီးရှိနေသေးတယ်ဆိုတာမမေ့ပါနဲ့။ (၂) စိတ်ဒဏ်ရာတွေကို အင်အားအဖြစ်ပြောင်းလိုက်ပါ သူ့ကြောင့်ရတဲ့စိတ်ဒဏ်ရာတွေကို သင့်ဘ၀အတွက်အထောက်အကူပေးနိုင်တဲ့ အရာတွေကိုလေ့လာရင်း ကုစားပါ။ သင့်လုပ်ချင်တဲ့အရာတွေကိုချရေးထားပီး သူ့အကြောင်းတွေးမိ လာတာနဲ့တန်းပီး ကိုယ်လုပ်ချင်တဲ့အရာကိုလေ့လာပါ။ (၃) မေ့ပစ်ဖို့မကြိုးစားပါနဲ့ သင်သူ့ကိုမေ့ပစ်ချင်တယ်လို့တွေးနေတိုင်း အမြဲတန်းသတိရနေသလိုဖြစ်နေမှာပါ။ မေ့ပစ်ဖို့မကြိုးစားပဲ သူကိုယ့်အနားကထွက်သွားပီဆိုတာကိုလက်ခံဖို့ကြိုးစားပီး သင်ကသူ့ထက်သာတဲ့ တစုံတယောက်နဲ့ ထိုက်တန်တယ်ဆိုတဲ့အချက်ကို စိတ်ထဲသွင်းထားလိုက်ပါ။ (၄) သူငယ်ချင်းတွေနဲ့ပိုအချိန်ယူပါ သင့်ရဲ့သူငယ်ချင်းတွေနဲ့ အချိန်တွေကိုကုန်ဆုံးပါ။ သူရှိတုန်းကမလုပ်ဖြစ်ခဲ့တဲ့ ပျော်စရာကောင်းတဲ့အရာတွေကို...

ကျောက်​ကပ်​နှစ်​လုံးကို လိုအပ်​​နေတဲ့လူနာ​တွေဆီ လှူဒါန်းလိုက်​တဲ့ ညီအစ်​မ သို့ပေမယ့် ဖခင်ကိုတော့

ဖခင်​အတွက်​ လှူဒါန်းခွင့်​မရလိုက်​တဲ့ ​ကျောက်​ကပ်​နှစ်​လုံးကို လိုအပ်​​နေတဲ့လူနာ​တွေဆီ လှူဒါန်းလိုက်​တဲ့ ညီအစ်​မ အီလီနွိုက်​ပြည်​နယ်​က ညီအစ်​မနှစ်​ဦးဟာ ​ကျောက်​ကပ်​အစားထိုး​ကုသဖို့လိုအပ်​​နေတဲ့ ဖခင်​အတွက်​ ​ကျောက်​ကပ်​လှူဒါန်း​ပေးဖို့ ရည်​ရွယ်​ထားခဲ့ကြပါတယ်​။ ဖခင်ဟာ ​​အစာ​ခြေလမ်း​ကြောင်းတွင်းမှာ ပိုးဝင်​သွားခဲ့တဲ့ Crohn's ​ရောဂါကိုခံစား​နေခဲ့ရတာပါ။ သမီးငယ် ​Bethany က ဖခင်​အတွက် ​ကျောက်​ကပ်​ ခွဲထုတ်​​ပေးဖို့အဆင်​သင့်​ဖြစ်​နှင့်​​နေခဲ့ပြီးဖြစ်​​ပေမယ့်​ ဖခင်​ရဲ့ကျန်းမာ​ရေးအ​ခြေအ​နေဆိုးရွားမှု​ကြောင့်သာပဲ ​​အစားထိုးခွဲစိတ်​ဖို့ လုံးဝမဖြစ်​နိုင်​တဲ့အ​ခြေအ​နေမို့...

အများပြည်​သူအတွက်​ ​ဖျော်​​ဖြေ​ပေးရင်း​ ​သေဆုံးသွားခဲ့တဲ့ ဆင်​​ပေါက်​က​လေး

အများပြည်​သူအတွက်​ ​ဖျော်​​ဖြေ​ပေးရင်း​ ​သေဆုံးသွားခဲ့တဲ့ ဆင်​​ပေါက်​က​လေး ထိုင်းနို​င်​ငံ၊ ဖူးခက်​တိရစ္ဆာန်​ရုံက ဆင်​​ပေါက်​က​လေး ဒန်​ဘိုဟာ တိရစ္ဆာန်​ရုံတွင်းမှာ ကမ္ဘာလှည့်​ဧည့်​သည်​​တွေနဲ့ အများပြည်​သူ​တွေကို ​ဖျော်​​ဖြေ​ပေးရင်း ​သေဆုံးသွားခဲ့တယ်​လို့ Moving Animals အဖွဲ့ရဲ့အတည်ပြုချက်အရ ​​သိရပါတယ်​။ သုံးနှစ်​သားအရွယ်​မျှသာရှိ​သေးတဲ့ ဒန်​ဘိုဟာ ဖူးခက်​တိရစ္ဆာန်​ရုံကို ​ရောက်​ရှိလာခဲ့ပြီး​နောက်​ တိရစ္ဆာန်​ရုံဟာ ဒန်​ဘိုအ​ပေါ် ​ကောင်းစွာဂရုစိုက်​မှုမရှိခဲ့တဲ့အပြင် ​ဒန်​ဘိုရဲ့​နောက်​​ဘက် ​ခြေ​ထောက်​​တွေ...

အနုပညာအလုပ်တွေကို ထူးထူးခြားခြား ပြန်တွဲလုပ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင် နဲ့ ဝတ်မှုံရွှေရည်

အနုပညာအလုပ်တွေကို ထူးထူးခြားခြား ပြန်တွဲလုပ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင် နဲ့ ဝတ်မှုံရွှေရည် အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့နှစ်ဦးကတော့ လတ်တလော ရိုက်ကူးရေးတစ်ခုမှာ အနုပညာအလုပ်တွေ အတူလုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒီပုံရိပ်လေးကိုတော့ မင်းသမီး ဝတ်မှုံရွှေရည်က သူမရဲ့အင်စတာဂရမ်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ဒီပုံလေးကလည်း...

MOST POPULAR

HOT NEWS