Daily Archives: August 3, 2019

အိပ်ယာပေါ်က မြွေကိုခင်ပွန်းသည်လို့ ထင်နေခဲ့မိတဲ့ အမျိုးသမီး

မြွေကို တွေ့ရှိခဲ့သူ အမျိုးသမီးကတော့ Melinda Major ဖြစ်ပြီး သူမကတော့ ဆေးကုသနေမှုအတွက် ဒေါက်တာနဲ့ ဆွေးနွေးတိုင်ပင်ဖို့ Nashville မြို့ကနေ လာရောက်ခဲ့တာဖြစ်ပါတယ်။ အဖြစ်အပျက်ကတော့ သောကြာနေ့ မနက်ခင်းပိုင်းမှာ ဖြစ်ပွားခဲ့ပြီး သူမအိပ်နေစဉ် သူမလက်မောင်းပေါ်မှာ တစ်ခုခုရွေ့လျားနေတယ်လို့ စတင်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ပထမတော့ သူမအထင်မှာ သူမရဲ့အမျိုးသားလို့...

လှိုင်သာယာမြို့နယ်၌ အလုပ်ရမည်ဟု တည်းခိုခန်းလိမ်ခေါ်ကာ သားမယားပြုကျင့်ရန်ကြံစည်

ကုမ္မဏီပိုင်ရှင့်ရဲ့ ဒရိုင်ဘာအလုပ်လုပ်ချင်တဲ့ အမျိုးသမီး ဟိုတယ်ခေါ်ပျော်ပါးရန်ကြံစည်ခံရ။   ။ လှိုင်သာယာမြို့နယ်၌ အလုပ်လုပ်ရန် ရောက်ရှိလာတဲ့ အမျိုးသမီး ၂ဦးတွင် တစ်ဦးအား ဟိုတယ်ထဲ ခေါ်ဆောင်ခံရ၍ ဩဂုတ် ၁ရက်နေ့ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ သင်္ဃန်းကျွန်းမြို့နယ်၊ (ဂ)ရပ်ကွက်၊ ဗိုလ်တေဇ ၄ လမ်း တွင် နေထိုင်သော အသက်...

သူမရဲ့ပရိသတ်တွေအတွက် ရုပ်ရှင်ရုံနှစ်ရုံငှားပေးခဲ့တဲ့နေခြည်ဦး

အလကားကြည့်ရမှာတဲ့နော်။ လူမှုကွန်ယက်ပေါ်မှာ ပရိတ်သတ်အခိုင်အမာရရှိထားပြီး အလှအပဆိုင်ရာ Blogger တစ်ယောက်အနေနဲ့ကော လက်ရှိမှာသရုပ်ဆောင်အနေနဲ့ကော အနုပညာအလုပ်တွေဆက်တိုက်လုပ်နေတဲ့ နေခြည်ဦးဟာ သူမရဲ့ပရိတ်သတ်တွေအတွက် ရုပ်ရှင်ရုံနှစ်ရုံကို သူမရိုက်ကူးထားတဲ့ ပုရိသရုပ်ရှင်ဇာတ်ကားရဲ့ သူမရဲ့ပရိသတ်တွေကို chillies လို့ခေါ်ပြီး သူမရဲ့ပရိသတ်ဖြစ်တယ်ဆိုတာနဲ့ လက်မှတ်ကိုအခမဲ့ထုတ်ယူပြီး ကြည့်ရှုလို့ရနိုင်ပါတယ်တဲ့။ ရန်ကုန်မြို့နဲ့ မန္တလေးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ အခမဲ့ကြည့်နိုင်တဲ့အတွက်ကြောင့် အလင်းမြေပရိသတ်ကြီးတွေထဲက ရုပ်ရှင်ချစ်သူတွေအတွက်ကော...

ဆေးပညာ သုတေသန အတွက် မိခင်အလောင်းကိုပေးလှူခဲ့ပြီး ကြောက်မက်ဖွယ် စမ်းသပ်မှုမှာ အသုံးပြုခဲ့မှန်းသိလိုက်ရသောအခါ

ဆေးပညာနဲ့ပတ်သတ်တဲ့စူးစမ်းလေ့လာမှုတွေလုပ်ဖို့အတွက် မိခင်အလောင်းကိုပေးလှူခဲ့ပေမယ့် ဆိုးရွားတဲ့စမ်းသပ်မှုမှာအသုံးပြုခဲ့မှန်းသိလိုက်ရတဲ့သားငယ် Jimလို့အမည်ရတဲ့သူတစ်ယောက်ဟာ မိခင်သေဆုံးသွားခဲ့တဲ့အခါမှာ မိခင်ရဲ့အလောင်းကိုအကျိုးရှိတဲ့နေရာမှာ အသုံးချနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေကိုလှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့အတွေးထဲမှာတော့ မိခင်ဖြစ်သူဟာ အယ်ဇိုင်းမားရောဂါကိုခံစားခဲ့ရပြီး ဆုံးပါးသွားခဲ့တာဖြစ်တဲ့အတွက် သူ့ရဲ့အမေလို့ဦးနှောက်နဲ့ပတ်သတ်တဲ့ရောဂါဝေဒနာကို ခံစားနေရတဲ့သူတွေအတွက်အဆင်ပြေစေဖို့ ကုသမယ့်ဆေးတွေကိုစမ်းသပ်တဲ့နေရာမှာ ကူညီပေးနိုင်လိမ့်မယ်ဆိုတဲ့စိတ်နဲ့လှူဒါန်းခဲ့တာပါ။ ဒါပေမယ့် မှန်းချက်နဲ့နှမ်းထွက်နဲ့မကိုက်ခဲ့ပဲ အခြားတစ်နေရာမှာ သူ့ရဲ့မိခင်အလောင်းကို အသုံးပြုခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အတွက် အင်မတန်လန့်သွားခဲ့ရပါတယ်။ သူလှူဒါန်းခဲ့တဲ့ ဇီဝေဗေဒအရင်းအမြစ်ဆိုင်ရာစင်တာဟာ သူထင်ထားသလို ဆေးပညာအတွက်သုတေသနအလုပ်လုပ်ရာမှာ...

ယောက်ျားလေးတွေက ခွေးလောက် အသုံးမဝင်ဘူးဆိုပြီး ခွေးနဲ့ပဲ လက်ထပ်လိုက်တဲ့ အမျိုးသမီး(ဗွီဒီယိုဖိုင်)

Elizabeth လို့အမည်ရတဲ့အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့အိမ်မွေးခွေးကလေးနဲ့ ပြီးခဲ့တဲ့အပတ် အဂါင်္နေ့(၃၀.၇.၂၀၁၉) မှာ လက်ထပ်ပွဲကျင်းပခဲ့ပါတယ်။ သူမနဲ့ခွေးကလေးရဲ့လက်ထပ်ပွဲကို သတင်းမီဒီယာအချို့မှာ တိုက်ရိုက်ထုတ်လွှင့်ပြသပေးခဲ့ပြီး ကြည့်မိတဲ့သူတွေက အတော်လေးကို စိတ်မသက်မသာဖြစ်ခဲ့ရတယ်လို့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ သူမကတော့ ခပ်တည်တည်ပါပဲ။ သူမရဲ့ Golden Retriever အမျိုးအစားခွေးကလေးကို ခွေးကလေးနဲ့လိုက်ဖက်မဲ့ အနောက်တိုင်းဝတ်စုံကို ကျကျနန၀တ်ပေးထားပြီး မင်္ဂလာဆောင်ခဲ့တာပါ။ အွန်လိုင်းလူမှုကွန်ယက်စာမျက်နှာပေါ်ကနေ...

၃ နှစ်သမီးလေးကို ရေတွင်းထဲ ပစ်ချလိုက်မယ်လို့ စနောက်ပြီး ဟန်လုပ်လိုက်တာ တကယ်ပြုတ်ကျ သေးဆုံး

ရေတွင်းထဲသို့ပစ်​ချလိုက်​မည်​ဟုစ​နောက်​​ပြောဆိုဟန်​ပြပြုလုပ်​ရာမှ (၃)နှစ်​သမီးက​လေးငယ်​တစ်​ဦး​ရေတွင်းထဲပြုတ်​ကျ​သေဆုံး မြောင်းမြမြို့နယ်​.ကုန်းသာ​ကျေးရွာတွင်​(၃)နှစ်​သမီးအရွယ်​က​လေးငယ်​တစ်​ဦး​ရေတွင်းထဲပြုတ်​ကျ​သေဆုံးမှု ဧရာဝတီတိုင်း​ဒေသကြီး​မြောင်းမြမြို့နယ်​.ကုန်းသာ​ကျေးရွာ​တောင်​ပိုင်းဓမ္မာရာမဘုန်း​တော်​ကြီး​ကျောင်းအ​နောက်​ဘက်​ရှိ​ရေတွင်းထဲတွင်​.ကုန်းသာ​ကျေးရွာ​တောင်​ပိုင်း​နေက​လေးငယ်​တစ်​ဦးပြုတ်​ကျ​သေဆုံး​ကြောင်းသိရသည်​. ‌ ဖြစ်​စဉ်​မှာ ​သေဆုံးသူက​လေးငယ်​.မဝင့်​ဝါချို(၃)နှစ်​(ဘ)ဦးပြုံးချို၏သမီးငယ်​​လေးမှာ.နံနက်​(၈)နာရီ​ကျော်​ခန့်​တွင်​​နေအိမ်​တွင်​မရှိသဖြင့်​အတူ​နေအဖွားဖြစ်​သူ.​ဒေါ်မြင့်​ဝင်း(၆၀)နှစ်​မှလိုက်​လံရှာ​ဖွေရာ​ရေတွင်းထဲတွင်​​သေဆုံး​နေသည်​ကို​တွေ့ရှိရ​ကြောင်း.ပတ်​ဝန်းကျင်​အားအကူညီ​တောင်း၍က​လေးငယ်​၏ရုပ်​အ​လောင်းအားဆယ်​ယူခဲ့ကြ​ကြောင်း .ဆက်​လက်​စုံစမ်းရာ.ခ​လေးငယ်​၏အ​ဒေါ်ဖြစ်​သူ.မ​အေး​အေးလှိုင်​အား​ခေါ်ယူစစ်​​ဆေးရာ.၎င်းသည်​အရက်​မူးလွန်​​နေပြီးနံနက်​.၈.နာရီ​ကျော်​ခန့်​ကခ​လေးငယ်​အားခါးတစ်​ခွင်​၍.မိခင်​ဖြစ်​သူထံပို့​ပေးမည်​ဟု​ပြောဆို​ခေါ်သွားပြီး.​ရေတွင်းအနီးသို့​ရောက်​​သောအခါ.​ရေတွင်း​ဘောင်​​ပေါ်မှ.​ရေတွင်းထဲသို့ပစ်​ချလိုက်​မည်​ဟု(၃)ခါစ​နောက်​​ပြောဆိုဟန်​ပြ ပြုလုပ်​ရာမှ. ခါးအတွင်းမှ​ချော်​၍ပြုတ်​ကျ​သေဆုံးခြင်းဖြစ်​​ကြောင်းစစ်​​ဆေးသိရှိခဲ့ရပြီး.ခ​လေးငယ်​မဝင့်​ဝါချို၏ရုပ်​အ​လောင်းအား.​မြောင်းမြပြည်​သူ့​ဆေးရုံ.သို့ပို့​ဆောင်​ခဲ့ကြပြီး.​ဆေးရုံမှ.PR.082ဖြင့်​​ဒေါက်​တာ​မေပြုံးလဲ့ယဉ်​ကလက်​ခံခဲ့​ကြောင်း မ​အေး​အေးလှိုင်​(၂၉)နှစ်​(ဘ)ဦး​မောင်​ကြင်​လှိုင်​.ကုန်းသာ​ကျေးရွာ​နေသူအား.​ပေါ့ဆစွာ​နောက်​ပြောင်ခြင်း​​​ပြုလုပ်​မှု​ကြောင့်​ခ​လေးငယ်​​သေဆုံးမှုအတွက်​.​မြောင်းမြမြို့မရဲစခန်းမှ.မ​အေး​အေးလှိုင်​အား.(ပ)၆၀၆/၁၉ရာဇသတ်​ကြီးပုဒ်​မ.၃၀၄.က.အရ တာဝန်​ကျတာဝန်​မှူးဒုရဲအုပ်​​ဝေလင်းက​ဖမ်းစီးအမှုဖွင့်​ထား​ကြောင်းသတင်းရရှိပါသည်​… ‌ ‌ရ​ဝေ​မောင်​(​မြောင်းမြ)

ပျံတော်မူသွားတဲ့ ဘုန်းကြီးဆိုး နှင့် ထူးထူးဆန်းဆန်းဖြစ်နေတယ် ဆိုသည်မှာ…

” ကိုယ့်ရွာရဲ့ ဆရာတော်ပဲဗျ၊ နောက်ဆုံး ပူဇော်တဲ့အနေနဲ့ ကြီးကြီးကျယ်ကျယ်တော့ လုပ်သင့်တာပေါ့၊ ကျုပ်က ၅ သိန်း မ,တည် လှူမယ်ဗျို့ ” ဟုတ်တယ်ဗျာ၊ အနည်းဆုံး မန္တလေးဇာတ်တော့ ငှားမှ တင့်တယ်မှာရယ်၊ ကဲ ကဲ ကျုပ်လည်း ၃ သိန်းလှူမယ်ဗျာ” ” ကျမအတွက် ၂...

ဘန်​​ကောက်​မြို့တစ်​မြို့လုံး ဗုံးလန့်​​နေချိန်​ ပိုင်​ရှင်​မဲ့ အိတ်နှစ်​လုံး

မ​နေု့က သြဂုတ်​လ ၂ ရက်​​နေ့၊ နံနက်​ ၅နာရီခွဲဝန်းကျင်​က ဘန်​​ကောင်​မြို့လည်​​ခေါင်​၊ စရမ်​ပါရဂွန်​ကုန်​တိုက်​မှာ ဖွင့်​လှစ်​ထားတဲ့ ဂျပန်​အရုပ်​ဆိုင်​ခန်းမှာ မသမာသူ​တွေရဲ့ မီး​လောင်​ဗုံးဒဏ်​​ကြောင့်​ စတင်​ပြီးမီးစွဲ​လောင်​​ခဲ့တယ်​လို့ Daily news နဲ့  Nation သတင်းတွေမှာ ​ဖော်​ပြထားချက်​အရ သိရှိရပါတယ်​။ သြဂုတ်​လ ၁ ရက်​​နေ့၊ ည​နေ...

ကျောင်းသားကျောင်းသူ ကလေးများကို ရိုက်သည့် ဆရာဆရာမ ထောင်ခြောက်လနှင့် ဒဏ်ငွေသုံးသိန်းချမှတ်မည်

ဆရာသမား များကို အနန္တ ဂိုဏ်းဝင်များအဖြစ် ဗုဒ္ဓဘာသာဝင် မြန် မာလူမျိုးများက မှတ်ယူထားကြ သည်။ ထို့ကြောင့် ဆရာသမား များ၏ဆိုဆုံးမစကားများကို လေးစားလိုက်နာ၊ နာယူမှတ်သားကြ သည်။ ဆရာများအနေဖြင့်လည်း ‘ဆရာ့ကျင့်ဝတ်’ ငါးပါးဖြစ်သည့် ‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ’ ဟူသော...

မင်းဘူးမြို့တွင် ဆောက်လုပ်ဆဲ သုံးထပ်တိုက် အဆောက်အဦးတစ်လုံးပြိုကျမှု ဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မင်းဘူး-စကု ကားလမ်း၊ မြောက်လှည်းကောက်အနီးတွင် ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၁နာရီခွဲ အချိန်က ဆောက်လုပ်ဆဲ အဆောက်အဦးတစ်လုံး ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အိမ်ရှင်ဒေါ်ခင်နွယ်မြင့်၏ ဈေးဆိုင်ခန်းဆောက်လုပ်ဆဲ သံကူကွန်ကရစ် အမျိုးအစား သုံးထပ်အဆောက်အဦသည် သံဖရိန်များဖြင့် ထောင်မတ်၍ ပထမထပ်...

MOST POPULAR

HOT NEWS