Daily Archives: August 6, 2019

ရှေ့ဘီးပေါက်တဲ့ ကားက ဆိုင်ကယ်သုံးစီးကို ဝင်တိုက်မိရာမှ နှစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီးမိတ္တီလာ-ကျောက်ပန်းတောင်းလမ်းညောင်ပင်သာကျေးရွာအနီးတွင်ယာဉ်တစ်စီးမောင်းနှင်လာရာယာဉ်ဝဲဘက်ဘီးပေါက်ပြီးမျက်နှာချင်းဆိုင်မှမောင်းနှင်လာသောဆိုင်ကယ်သုံးစီးအားဝင်ရောက်တိုက်မိရာမှနှစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းစုံစမ်းသိရသည်။ သြဂုတ်(၆)ရက်နေ့ညနေ(၆)နာရီခန့်မိတ္တီလာမြို့နယ်အလည်ရွာရဲကင်းစခန်းမှူးရဲအုပ်စောရွှေမောင်မှညောင်ပင်သာကျေးရွာအနီးယာဉ်တိုက်မှုဖြစ်ပွားနေကြောင်းသတင်းအရတပ်ဖွဲ့ဝင်များသက်သေများနှင့်အတူသွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ မိတ္တီလာ-ကျောက်ပန်းတောင်းလမ်းမိုင်တိုင်အမှတ်(၂၆/၆)နှင့်(၁၆/၇)အကြားတံတားအမှတ်(၁၇/၄)အနီးတွင်မိတ္တီလာဘက်မှကိုဆန်းညွန့်ဝင်း(၄၃)နှစ်ပြင်ပဘော်ဒါဆရာဆည်တိုကျေးရွာမလှိုင်မြို့နယ်နေသူမောင်းနှင်လာသောယာဉ်အမှတ် YGN 6G/×××××××ပရိုဘောက်အဖြူရောင်ယာဉ်၏ရှေ့ဝဲဘက်ဘီးပေါက်ကာ မျက်နှာချင်းဆိုင်ကျောက်ပန်းတောင်းဘက်မှမောင်းနှင်လာကြသောမိတ္တီလာမြို့နယ်အောင်းကန်ကျေးရွာနေကိုဆန်းလွင်(၄၂)နှစ်မောင်းနှင်ပြီးနောက်တွင်သမီးဖြစ်သူမတင်တင်စိုး(၂၃)နှစ်လိုက်ပါလာသောဆိုင်ကယ်နံပါတ်မပါ(စီစစ်ဆဲ)ကင်ဒါအနက်ရောင်ဆိုင်ကယ်နှင့်အောင်းကန်ကျေးရွာနေကိုမင်းမင်း(၃၆)နှစ်မောင်းနှင်ပြီးးနောက်တွင်ဇနီးဖြစ်သူမသဲမာ(၃၀)နှစ်လိုက်ပါစီးလာသည့်ဆိုင်ကယ်ယာဉ်အမှတ်၃၃ယ/×××××××ရှာရမ်းအမျိုးအစားအနက်ရောင်ဆိုင်ကယ်တို့နှင့်အောင်းကန်ကျေးရွာနေကိုသန်းမြင့်(၂၀)နှစ်တစ်ဦးတည်းမောင်းနှင်လာသောဆိုင်ကယ်ယာဉ်အမှတ်၄၈ယ/×××××ကင်ဒါအနက်ရောင်တို့အားဝင်ရောက်တိုက်မိရာမှ ကိုမင်းမင်းတွင်ဝဲဘက်ခြေသလုံးရိုးကျိုးမျက်ခုံးပေါက်ပြဲသွေးထွက်ယာပါးပေါက်ပြဲသွေးထွက်မေးစေ့ပေါက်ပြဲသွေးထွက်ဒဏ်ရာများနှင့်လည်းကောင်းဇနီးဖြစ်သူမသဲမာတွင်နဖူးပေါက်ပြဲသွေးထွက်နှာခေါင်းသွေးထွက်ဝဲဘက်ခြေသလုံးရိုးကျိုးဝဲဘက်ပေါင်ပြဲ ယာဘက်ခြေသလုံးပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးနေကြပြီးကိုဆန်းလွင်ကိုသန်းမြင့်တို့တွင်(မစိုးရိမ်ရ)ဒဏ်ရာများရရှိနေသည်ကိုတွေ့ရှိရကြောင်းသိရသည်။ သေဆုံးဒဏ်ရာရရှိသူများအားကြက်ခြေနီတပ်ဖွဲ့ယာဉ်နှင့်အတူရဲစခန်းဆေးစာဖြင့်ပြည်သူဆေးရုံသို့ပို့ဆောင်ပေးပြီးဖြစ်စဉ်အရယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့်လူသေဆုံးဒဏ်ရာရရှိခဲ့၍ယာဉ်မောင်းကိုဆန်းညွန့်ဝင်း ဘော်ဒါပြင်ပဆရာဆည်တိုကျေးရွာမလှိုင်မြို့နယ်နေသူအားအရေးယူပေးရန်ရဲအုပ်စောရွှေမောင်၏တိုင်တန်းချက်အရအလည်ရွာရဲကင်းစခန်းယာဉ်(ပ)၁၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ၃၀၄- က/၃၃၈/၃၃၇ ဖြင့်အမှုဖွင့်အရေးယူဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ Photo- Shwe Moe(Red Cross) Media TOP 4 ApannPyay

ပျောက်ဆုံးနေတဲ့ ၁၅ နှစ်သမီးလေးကို မလေးရှားက လူပေါင်းရာကျော်သုံး ရှာဖွေနေရ

ပျောက်ဆုံးနေတဲ့ သမီးလေးရဲ့အမည်ကတော့ Nora Quoirin အမည်ရှိပြီး လန်ဒန်ကနေ မိသားစုနဲ့အတူ မလေးရှားက Berembun တောဘက်ကို သဘာဝအလှတွေ ကြည့်ရှူ့ခံစားဖို့ ခရီးထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ မိဘနှစ်ပါးနဲ့အတူ မွေးချင်းမောင်နှမ နှစ်ယောက်လည်းပါခဲ့ပါတယ်။ ရောက်ပြီး တစ်ရက်အကြာမှာ ပျောက်သွားခဲ့တာလို့ သိရပါတယ်။ မိဘနှစ်ပါးလုံးက လန်ဒန်မှာ နှစ် ၂၀...

Music ပွဲတော်တစ်ခုမှာ ဆေးပြားအလွန်အကျွံသုံးမိပြီး အသက်ပေးလိုက်ရတဲ့ ဆယ်ကျော်သက်ကောင်လေး

Jack Downey အမည်ရှိသူ အသက် ၁၉ နှစ်အရွယ်ကောင်လေးဟာ အိုင်ရာလန်က Cork မှာကျင်းပပြုလုပ်တဲ့ Indiependence အစီအစဉ်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ သူကတော့ Keen Sportsman တစ်ယောက်ဖြစ်တယ်လို့သိရပြီး အသင်းအဖွဲ့လည်း ရှိပါတယ်။ အသွားရှိပေမယ့်လည်း အပြန်ကတော့ မရှိခဲ့ရှာပါဘူး။ ထို ပွဲတော်မှာ ရောင်းချနေတဲ့...

ကိုယ့်ရဲ့ ဆီးကို ပြန်သောက်ခြင်းကြောင့်၊ အသားဖြူနေခြင်းဟုဆိုလိုက်တဲ့ အမျိုးသမီး

အသက်(၃၀)အရွယ် Ruby Karyo အမည်ရ အမျိုးသမီးဟာ ကိုယ့်ဆီးကို ပြန်သောက်ခြင်းကြောင့်၊ အခုလို အသားရည်စိုပြည်လန်းဆန်းနေတာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ Ruby ဟာ (၁၁)နှစ်ကြာ Urine therapy ပြုလုပ်ခဲ့သူဖြစ်ပြီး သူမကတော့ အသားရေအတွက် ဂုဏ်ယူနေပါတယ်။ Ruby ဟာ တစ်ခါတလေမှာ မိမိရဲ့ဆီးရေနဲ့ မျက်နှာသစ်လေ့ရှိကြောင်း၊ ဒီနည်းစနစ်ကို...

မန္တလေးတွင် လူတစ်ဦးကို ဆိုင်ကယ်ဖြင့် နောက်ကနေလိုက်ပြီး ဓါးဖြင့်ထိုးသတ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် လမ်းပေါ်ထွက်ပြေးနေသူတစ်ဦးကို ဆိုင်ကယ်ဖြင့် နောက်မှလိုက်ကာ ဓားဖြင့်ထိုးသတ်ခဲ့မှု သြဂုတ်(၁)ရက်က ဖြစ်ပွားခဲ့ပြီး ပြစ်မူကျူးလွန်သူကို သုံးရက်အကြာတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းမြို့နယ် စက်မှုနယ်မြေရဲစခန်းမှ သတင်းရရှိသည်။ ပြည်ကြီးတံခွန်မြို့နယ် (၆၃)လမ်းနှင့် (၆၄)လမ်းကြား ကနောင်မင်းသားကြီးလမ်းတွင် အမျိုးသားတစ်ဦး ပြေးလာကာ လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်ရောက်အကူအညီ တောင်းခံစဉ် ဆိုင်ကယ်ဖြင့်...

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန်ကိုယ်တိုင် လာပြီး ဂါရဝပြုတောင်းပန်စကားဆိုးရတဲ့ မြန်မာနိုင်ငံသား

ကိုးရီးယားနိုင်ငံတွင် မြေအောက်ဥမင်လှိုဏ်ခေါင်းအတွင်း ရေစီးလမ်းကြောင်း ပြင်ဆင်ခြင်းလုပ်ငန်းတွင် မတော်တဆ သေဆုံးသွားသော မြန်မာအလုပ်သမား၏ ဆုတောင်းစင်ရှေ့တွင် ဆိုးလ်မြို့တော်ဝန် လာရောက်ဂါဝရပြု တောင်းပန်စကားဆိုပြီး မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ရုပ်ကလာပ်အား ပြန်လည် ပို့ဆောင်ပေးမည်ဟု သိရ .. ဒီနေ့မနက်ကစပြီး စီစဉ်ဖွင့်လှစ်လိုက်တဲ့ ကွယ်လွန်သူကိုဇွဲလင်းမောင်ရဲ့ ဆုတောင်းစင်ရှေ့မှောက်... ဆိုးလ်မြို့တော်ဝန်ကြီး အပြေးရောက်လာပြီး ဦးညွတ်အလေးပြုကာ တောင်းပန်စကား... ဝမ်းနည်းစကား... နောင်ဒီလိုအဖြစ်မျိုး မဖြစ်အောင်...

ဒီနေ့ နာမည်အကြီးဆုံးဖြစ်နေတဲ့ ဘုရားပေါ်က ဒီစုံတွဲပုံများနဲ့ ပတ်သက်ပြီး

လူမှုကွန်ယက် စာမျက်နှာမှာ ပျံ့နှံ့လာသော ဘုရားပေါ်မှာ ချိန်းတွေ့နေတဲ့ စုံတွဲပုံများ။  ။ ဘယ်တုန်းက ဘယ်ဘုရားမှာဆိုတာ တိတိကျကျ မသိရသေးပေမယ့် အခုလို မြင်ကွင်းမျိုးကို မြင်သူတိုင်းက ရှုံ့ချသင့်တာဖြစ်တာရယ် နောက်နောင်များတွင် အခြားအခြားသော လူငယ်စုံတွဲများ အခုလို လုပ်ရပ်မျိုးကို လုပ်ခဲ့မိရင် အခုလို လိုင်းပေါ်ရောက်ပြီး အရှက်ကွဲမယ်ဆိုတဲ့ စိတ်နဲ့...

အစ္စဏီ လွတ်လာမယ့်ရက်ကို ပြောပြီး အရမ်း​ပျော်​​နေတဲ့ ယုန်လေး

မ​နေ့က သြဂုတ်လ (၅)ရက်နေ့မှာ အဆို​တော်​ အစ္စဏီနဲ့ ​မော်​ဒယ်​စူးရှထက်​တို့ရဲ့ တစ်​နှစ်​​ကျော်​ကြာ တရားရင်​ဆိုင်​​နေရတဲ့အမှုအခင်းဟာ ​ပြေလည်​​ကျေ​အေးသွားခဲ့ပြီး ပရိသတ်​​တွေဝမ်းသာစရာဖြစ်​ခဲ့ရပါတယ်​။ ဒီသတင်း​ကောင်း​ကြောင့်​ပဲ တစ်နှစ်နဲ့ ၄လဝန်းကျင်​ ​ထောင်​ဒဏ်​ကျ​ခံ​နေရတဲ့ အစ္စဏီဟာ ​အခု လာမယ့်သောကြာနေ့မှာတော့ ပြန်​လွတ်​လာ​တော့မှာပါ။ ​မော်ဒယ် စူးရှထက်က အဆိုတော် အစ္စဏီအတွက်​ အမှုအားလုံးကို​ကျေ​အေး​ပေးခဲ့တာပဲ ဖြစ်​ပါတယ်​။ စူးရှထက်​ရဲ့​ပြောဆိုချက်​အရ...

မိခင်ထံ ပြန်ချင်တာ မပြန်ရလို့ လူငယ်တစ်ဦး ပိုးသတ်ဆေးသောက်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် တာဂွအုပ်စု ၌ လူငယ်တစ်ဦး ပိုးသတ်ဆေး သောက်၍ သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။ ၂၀၁၉ သြဂုတ် ၄ ရက်နေ့ နံနက် ၆ နာရီခန့်က သေဆုံးသူ ပိုင်ခန့်(ခ)ပိုင်ခန့်ကျော် သည် အဒေါ်တော်စပ်သူ / အဖွား တော်စပ်သူတို့နှင့်အတူ တိုက်ကြီးမြို့နယ်...

လူသက်တရားခံကို ၃ နာရီအတွင်း ဖမ်းဆီးရမိခြင်း

လူသက်တရားခံအား တာဝန်​သိရဲအရာရှိ ကြီးများမှ ၃ နာရီအတွင်း ဖမ်းဆီးရမိခြင်။  ။မန္တလေးခရိုင်ပုသိမ်ကြီးမြို့နယ်မင်းကန်ကျေးရွာမင်းကိုကိုဖြိုး၏ဌက်ပျောတောထဲတွင်သြဂုတ်လ၃ရက်​၉း၄၅အချိန်ခန့်တွင် လူတစ်ဦးဒဏ်ရာများဖြင့်သေဆုံးနေကြောင်းတစ်ရွာထဲနေဦးမြင့်လာရောက်ပြောပြသဖြင့်အစ်ကိုဖြစ်သူမှသွားရောက်ကြည့်ရူရာ၎င်းမှာဝဲဘက်နောက်စေ့ပေါက်ပြဲဒဏ်၊နဖူးပေါက်ပြဲဒဏ်၊ယာပါး/၀ဲဘက်မျက်ခုံးဒဏ်၊များဖြင့်သေဆုံးနေကြောင်းသိရှိသသည်အတွက် ကိုထွေး(ခ)စိုးသိုက်ထွန်းအားနာကျင်ဒဏ်ရာများဖြင့်သေဆုံးသည်အထိပြုလုပ်သူဇော်မင်းထွန်းအားဥပဒေအရအရေးယူပေးပါရန်မျိုးမင်းသန့်မှတရားလိုပြုလုပ်တိုင်တန်းသဖြင့်ပုသိမ်ကြီးမြို့မရဲစခန်းမှစခန်းမှုးဇင်မင်းကိုဦးစီး၍နယ်ထိန်းခေါင်းဆောင်ရဲအုပ်သက်ထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်တို့သည် တရားခံအားအမြန်ဆုံးဖမ်းဆီးရမိရေးအတွက်တရားခံသွားတတ်သောနေရာများအားလိုက်လံစုံစမ်းရာမန်းလေးပြင်ဦးလမ်းတလျောက်ရှိတိုးဂိတ်များ၏စီစီတီဗွီမှတ်တမ်းများအရတရားခံသည်ပြင်ဦးဘက်သို့မောင်းနှင်သွားသည်မှတ်တမ်းအရသိရှိရပြီး ဆက်လက်စုံစမ်းရာဇော်မင်းထွန်းသည်နွားကုန်ကူးသည်ပွဲစားတစ်ဦးဖြစ်ပြီးနောင်ချိုမြို့နယ်ဟိုခိုကျေးရွာတွင်ထော်လာဂျီတစ်စီးဖြင့်မသင်္ကာဖွယ်လူတစ်ဦးရောက်ရှိနေကြောင်းသိရသဖြင့်ရဲအုပ်သက်ထွန်းဝင်းဦးစီးတပ်ဖွဲ့ဝင်များသည်သြဂုတ်၃ရက်နေ့၁၇း၅၀အချိန်တွင်သက်သေခံထော်လာဂျီယဉ်နှင့်အတူဇော်မင်းထွန်းအားဖမ်းဆီးရမိခဲ့ပြီးတရားခံအားပုသိမ်ကြီးမြို့မရဲစခန်းမှ(ပ)၃၇၈/၂၀၁၉ရာဇသက်ကြီးပုဒ်မ၃၀၂အရအမှုဖွင့်အရေးယူဆောင်ရွတ်ထားရှိကြောင်းသိရသည်။ ပန်ုသု(MDY)

MOST POPULAR

HOT NEWS