Daily Archives: October 14, 2019

ငွေဆောင်ကမ်းခြေ တစ်လျှောက်တွင် ရေညှိတုံးများဖြစ်ပေါ် ရောက်ရှိနေ၍ အရေးပေါ်သတိပေးချက်ထုတ်

ဧရာဝတီတိုင်းဒေသကြီး၊ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ တစ်လျှောက်တွင် ရေဒန်း(ခ)ရေညှိတုံးများဖြစ်ပေါ် ရောက်ရှိနေသဖြင့် အဆိုပါ ရေညှိတုံးများသည် လူကို အန္တရာယ်ဖြစ်နိုင်သည့်အတွက် အထူးသတိထားရန် ယနေ့ အရေးပေါ်သတိပေးချက်ထုတ်ပြန်ထား ကြောင်းငွေဆောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။ အဆိုပါ ဒေသအခေါ် ရေဒန်း(ခ)ရေညှိတုံးများသည် အောက်တိုဘာ(၁၂)ရက်နေ့မှ စတင်ရောက်ရှိလာပြီး လူကိုထိမိပါက အရေပြားယားယံခြင်း၊နာကျင်ခြင်းဝေဒနများကို ခံစားရနိုင်သဖြင့် အထူးသတိပြုဖို့လိုအပ်သည့်အတွက် ရှောင်းရှားနိုင်ဖို့ သတိပေးရခြင်းဖြစ်...

ရန်ကုန်မြို့ကို အမှိုက်ကင်းကင်းနဲ့ သန့်ရှင်းအောင်ထားဖို့တိုက်တွန်းနေတဲ့ Sinon Loresca

King of catwalk လို့တင်စားခေါ်ဝေါ်ကြတဲ့ Sinon Lorescaတစ်ယောက်ကတော့ မြန်မာနိုင်ငံမှာ ပရိသတ်တွေ တနေ့နဲ့ တနေ့ပိုမိုများပြားလာနေပါတယ်။ ပထမအကြိမ် မြန်မာနိုင်ငံကိုလာရောက်ပြီး သူရဲ့အံ့သြမှင်သက်ဖို့ကောင်းတဲ့ catwalkတွေနဲ့အတူ လိုအပ်နေသူတွေကို လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့သူကို အပြုသဘောဆောင်ပြီး အားပေးခဲ့တဲ့ မြန်မာပရိသတ်တွေတော်တော်များများရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ သူရဲ့ဒုတိယအိမ်ပါပဲလို့တင်စားခဲ့ကာ နောက်တစ်ခေါက်ပြန်လာပြီး မြန်မာပရိသတ်တွေရဲ့နှလုံးသားကိုသိမ်းပိုက်နေတဲ့သူဟာ အခုတခေါက်မှာလည်း အံ့သြဖို့ကောင်းတဲ့လှုပ်ရှားမှုတစ်ခုက်ုပြုလုပ်ခဲ့ပါတယ်။...

အောင်လအနိုင်ရလို့ မိသားစုဝင်တွေကိုမုန့်ဖိုးတွေပေးတဲ့ အန်တီ

မနေ့က ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ One ချန်ပီယံရှစ်ထိုးသတ်ပွဲမှာ စိန်ခေါ်သူတစ်ဖက်အားကစားသမားကို မြန်မာ့စပါးကြီးမြွေလို့တင်စားခံရတဲ့ ကမ႓ာ့ချန်ပီယံကချင်တိုင်းရင်းသားအောင်လက ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူထိုးသတ်ပြီး သူရဲ့ရွှေခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ အဲ့လိုမျိုးထိုးသတ်အနိုင် ရှိခဲ့တဲ့အထိမ်းအမှတ်အနေနဲ့ အမျိုးသမီးတစ်ယောက်က အောင်ပွဲခံတဲ့အထိမ်းအမှတ်အနေနဲ့ မိသားစုဝင်တွေကို မုန့်ဖိုးဝေပေးနေတဲ့ ချစ်စဖွယ်ပုံရိပ်တွေကို အခုလိုတွေ့မြင်ရမှာပါ။ သူမတင်မကသေးပဲ အောင်လအန်ဆိုင်းရဲ့နိုင်ပွဲကြောင့် ပရိသတ်တွေဝမ်းသာကာအောင်ပွဲခံနေတဲ့ အခြားသောကြည်နူးဖွယ် ဗီဒီယိုဖိုင်တွေဟာ...

တောင်ကိုရီးယားအနုပညာရှင် ဆောလီ(Sulli)သေဆုံး… ကြိုးဆွဲချသတ်​​သေသွားခဲ့ကြောင်း သံသယရှိ

တောင်​ကိုရီးယား ရဲ့ နာမည်​​ကြီး အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Fx ကေ့ပေါ့ပ်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဆောလီကို ဒီနေ့ ကိုးရီးယားစံတော်ချိန် ညနေ ၄နာရီခွဲ အချိန်လောက်မှာ သူ့ရဲ့ နေအိမ် တိုက်ခန်းထဲ သေဆုံးလျက်သား တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်​​ပြု သတင်းထုတ်ပြန်သွားခဲ့ပါတယ်။ တောင်ကိုရီးယားနာမည်ကျော် ဆောလီဟာ သူ့ရဲ့ နေအိမ်တိုက်ခန်းမှာ...

နေအိမ်အတွင်းကို ဝင်ရောက်ကာ သေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းများ ခိုးယူခံရမှု

ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့နယ် စာရေးကုန်းရပ်ကွက်ရှိ နေအိမ်အတွင်းကို ဝင်ရောက်ကာ သေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းများ ခိုးယူခံရမှုဖြစ်ပွားခဲ့ပြီး ခိုးယူသူကို ဖမ်းစီးစစ်ဆေးနေကြောင်း ဝါးခယ်မမြို့မ ရဲစခန်းမှ သိရသည်။ ဝါးခယ်မြို့နယ် စာရေးကုန်းရပ်ကွက်နေ ဦးကျော်ရဲနိုင်သည် ဆေရုံတက်ရောက်ကုသနေသည့် သားဖြစ်သူကို သွားကြည့်စဉ် ခင်ဗျားအိမ်ကို လူစိမ်းတစ်ဦး ဝင်သွားတယ်ဟု အိမ်နီးချင်းဖြစ်သူမှ ဖုန်းဆက်အကြောင်းကြားသဖြင့် ဦးကျော်ရဲနိုင်သည် နေအိမ်သို့ပြန်လာပြီး...

အရက်ပုလင်း ၃လုံးနှင့် ငွေ ခုနှစ်ထောင်ကျော်ခိုးယူသည့် ဖောက်ထွင်းမှု (CCTV)

တောင်ငူမြို့ ၊ ရပ်ကွက် ( ၃ )၊ အောင်ကောင်း စားသောက်ဆိုင် အတွင်း အောက်တိုဘာ( ၁၃ )ရက်နေ့ မနက် ၂နာရီ ဝန်းကျင်အချိန်ခန့်က ဆိုင်ခန်း တံခါးသော့အား ဖျက်ကာ ဆိုင်ထဲသို့ အမည်မသိသူမှ ဝင်ရောက် ဖောက်တွင်း ပြီး အရက်...

MOST POPULAR

HOT NEWS